တရုတ်မြန်မာစီးပွားရေး စြင်္ကန်လမ်းမှာ မြန်မာပြည်သူတွေ ပါဝင်ဖို့ ဝန်ကြီးချုပ် တိုက်တွန်း
တရုတ်-မြန်မာချစ်ကြည်ရေးအတွက် တရုတ်-မြန်မာစီးပွားရေး စြင်္ကန်လမ်းတည်ဆောက်ရေး အစီအစဉ်အားလုံးမှာ မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းလိုက်ပါတယ်။
-
2019-02-05 -
-
-
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တို့ကို ရန်ကုန်မြို့မှာ ၂၀၁၉ ဖေဖော်ဝါရီ ၅ ရက်နေ့ကကျင်းပတဲ့ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်မှာတွေ့ရစဉ်
Photo: Htet Arkar/RFA
Your browser doesn’t support HTML5 audio
တရုတ်-မြန်မာချစ်ကြည်ရေးအတွက် တရုတ်-မြန်မာစီးပွားရေး စြင်္ကန်လမ်းတည်ဆောက်ရေး အစီအစဉ်အားလုံးမှာ မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် တရုတ်တန်းမှာကျင်းပတဲ့ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့ တရုတ်နွယ်ဖွားတွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်းလည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ တရုတ်နွယ်ဖွားတွေကို ကိုယ်စားပြုပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။