ဖားကန့်မှာ တရားမဝင် စက်ယန္တ ရား လေးထောင်ကျော်ရှိ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာအသုံးပြုနေတဲ့ ယာဉ်စက် ယန္တရားမျိုးစုံ စုစုပေါင်း အစီးရေ တစ်သောင်းကျော်ရှိပြီး လေးထောင်ကျော်က တရားမဝင် ယာဉ်ယန္တရားတွေ ဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ က ပြောပါတယ်။
- 2017-05-23
-
-
-
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာအသုံးပြုနေတဲ့ ယာဉ်စက်ယန္တရားမျိုးစုံ စုစုပေါင်း အစီးရေ တစ်သောင်းကျော်ရှိပြီး လေးထောင်ကျော်က တရားမဝင်ယာဉ်ယန္တရားတွေ ဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
အဲဒီ တရားမဝင် ယာဉ်ယန္တရားတွေကို လုပ်ကွက်တွေထဲမှာ အသုံးပြုခွင့်မပေးဘဲ အရန်စက်ယန္တရားတွေအဖြစ် သတ်မှတ်ထားတယ်လို့ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် က ပြောပါတယ်။
"သွားစစ်တဲ့အခါမှာ ၁ သောင်းကျော်ရှိတယ်၊ တကယ်တရားဝင်က ၆ ထောင်ပဲရှိတယ်၊ တရားမဝင်တာက ၄ ထောင်ကျော်ရှိနေတယ်"
အစိုးရအနေနဲ့ ရေမဆေးသမား နဲ့ ကုမ္ပဏီပြဿနာ၊ ယာဉ်စက်ယန္တရားအသုံးပြုမှု စတာတွေကို စီမံခန့်ခွဲရတာဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ ပြောပါတယ်။
ဖားကန့်ဒေသတစ်ခုလုံးမှာ တရားဝင်လုပ်ကိုင်ခွင့်ရထားတဲ့ သက်တမ်းရှိလုပ်ကွက် စုစုပေါင်း ခြောက်ထောင် နီးပါးရှိရာမှာ နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ လုပ်ကွက် နှစ်ရာကျော်ရှိပြီး ပုဂ္ဂလိက လုပ်ကွက်ပေါင်း ငါးထောင်ကျော်ရှိပါတယ်။
အဲဒီလိုခွင့်ပြုချက်ရပြီး လုပ်ကိုင်နေတဲ့အထဲက အများစုဟာ လာမယ့် ၂ဝ၂ဝ ခုနှစ်အထိ လုပ်ကိုင်ဖို့ သက်တမ်းရှိနေ တာပါ။
အစိုးရသစ်သက်တမ်းကာလအတွင်း လက်ရှိမှာ ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ ကျောက်စိမ်းတန်ချိန် သုံးသောင်းကျော်ထွက်ရှိထားပြီး ရတနာခွန်ကျပ် သန်းပေါင်း နှစ်သောင်းကျော်ရရှိထားပါတယ်။