ဖားကန့် မြေပြိုမှု ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မနေ့ညနေ ၄ နာရီလောက်က ပုဂ္ဂလိက မှော်လုပ် ကွက်ဟောင်းတစ်ခုမှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ လုပ်သားတွေ မြေတူးနေရင်း တွင်းပြိုကျမှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မှာ မနေ့ညနေ ၄ နာရီလောက်က ပုဂ္ဂလိက မှော်လုပ်ကွက်ဟောင်းတစ်ခုမှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ လုပ်သားတွေ မြေတူးနေရင်း တွင်းပြိုကျမှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်တစ်ဦးဖြစ်သူ ဦးဇော်မိုးထက်က RFA ကို အခုလို ပြောပါတယ်။

"ဒီမှာက ဒေသခံပြည်သူတွေ သူတို့ဘာသာသူတို့ လက်လုပ်ကျင်းလေးတွေပေါ့၊ သံတိုင်လေးတွေနဲ့ လုပ်ကွက်ဟောင်းတွေထဲမှာ တူးဖော်ပြီး လုပ်ကိုင်စားသောက်ကြတဲ့အချိန်မှာ မိုးရွာတော့ မြေသားတွေမခိုင်တော့ မြေပြိုပြီးတော့ မြေပိတာပေါ့၊ ၃ ယောက်ကတော့ မြေကြီးထဲကနေဖော်တာ ပွဲချင်းပြီး ဆုံးသွားတယ်ပေါ့"

ဒီလိုမြေပြိုကျမှု ဖြစ်စဉ်တွေဟာ အခုနှစ်ထဲမှာဆိုရင် သုံးကြိမ်လောက် ရှိသွားပြီလို့ သိရပါတယ်။ အခုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ဖားကန့်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ ဦးဇော်မိုးထက်က ပြောပါတယ်။

လုပ်ကွက်တွေမှာ ရေမဆေးကျောက်ရှာဖွေပြီး လုပ်ကိုင်စားသောက်နေသူတွေကို အာဏာပိုင်တွေ တားမြစ်ထားပေမယ့် တပိုင်တနိုင် ရေမဆေး ကျောက်ရှာသူတွေကတော့ ဝမ်းရေးအတွက် ဆက်လက်ရှာဖွေ လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org