ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ ဖွဲ့မည်

သုံးစွဲဖို့အတွက် နိုင်ငံတကာကကူညီ တဲ့ ငွေကြေးတွေကို စီမံခန့်ခွဲဖို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးနဲ့ မနက်ဖြန် ဖွဲ့စည်း မှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာကျင်းပစဉ် Photo: Myanmar State Counsellor Office

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သုံးစွဲဖို့အတွက် နိုင်ငံတကာက ကူညီတဲ့ ငွေကြေးတွေကို စီမံခန့်ခွဲဖို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးနဲ့ မနက်ဖြန် ဖွဲ့စည်းမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မနက်ဖြန် တွေ့ဆုံသွားမယ်လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

"ဒီရန်ပုံငွေကိစ္စ ငြိမ်းချမ်းရေးရန်ပုံငွေကို အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ပူးတွဲကော်မတီ တစ်ရပ် ဖွဲ့စည်းထားတာရှိပါတယ် အဲ့ဒီကိစ္စနဲ့ပဲ တွေ့ဆုံဖို့ရှိပါတယ်၊ လျာထားတဲ့ ပုဂ္ဂိုလ်တွေတော့ရှိပါတယ်၊ တရားဝင်ဖွဲ့စည်းဖို့တော့ မနက်ဖြန်မှ ဖြစ်မယ်ထင်ပါတယ် "

မနက်ဖြန် နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့မှာ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တို့က ၈ ဦး၊ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ၄ ဦးနဲ့ လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ၄ ဦး စုစုပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းဖို့ လျာထားတယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာက ကူညီလာမယ့် ရန်ပုံငွေတွေကို ခွဲဝေသုံးစွဲဖို့ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်ရမှာဖြစ်ပြီး NCA လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့ဘက်က KNU က ပဒိုစောကွယ်ထူးဝင်း၊ CNF က ဒေါက်တာ ဆလိုင်းလျှန်မှုန်း ဆာခေါင်း တို့ကို အကြမ်းဖျဉ်းရွေးချယ်ထားပြီး လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဘက်က ဘယ်သူတွေပါဝင်မလဲဆိုတာ မသိရသေး ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org