ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတပ် တိုက်ပွဲဖြစ်ပွား

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဒီနေ့ နေ့လယ်ပိုင်းကစပြီး ညနေအထိ တိုက်ပွဲဖြစ်နေပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတဝီဂိတ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ၂၀၂၁ မေလ ၂၂ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ် Photo: တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဒီနေ့ နေ့လယ်ပိုင်းကစပြီး ညနေအထိ တိုက်ပွဲဖြစ်နေပါတယ်။

စစ်ကောင်စီဘက်က သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ငါးစီး ငွေတောင်မြို့ကို ရောက်လာပြီလို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်အထိအခိုက်တွေ ရှိပေမယ့် ဘယ်လောက်ထိ ရှိတယ်ဆိုတာကို အတိအကျ မသိရ သေးပါဘူး။

အခုချိန်မှာ ကယားပြည်နယ် တစ်ခုလုံး စစ်မျက်နှာပြင်လို ဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အပြင် သံချပ်ကာကားတွေကိုပါ အသုံးပြုနေတဲ့အတွက် ဒေသကာကွယ်ရေး တပ်တွေဘက်က ပြန်လည် ခုခံနေကြရတယ်လို့ ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရဲစခန်းကို ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံးခဲ့သလို လေးယောက်ကိုလည်း ဖမ်းမိထား ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org