အလောင်းတော်ကဿပကြိုးဝိုင်းက သစ်ခိုးထုတ်မှုတွေကို PDF စောင့်ကြည့်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ သစ်တော ကြိုးဝိုင်းအတွင်းက တစ်နိုင်တစ်ပိုင်သစ်ခိုးထုတ်မှုတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေက စောင့်ကြည့်ဖမ်းဆီးခဲ့ရာမှာ ဒီနေ့အထိ သစ်ငါးတန်လောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလောင်းတော်ကဿပနယ်မြေမှာ ဇွန်နဲ့ ဇူလိုင်တွေက သိမ်းဆည်းရမိတဲ့ ခိုးထုတ်သစ်တွေကို တွေ့ရစဥ် Photo: CJ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်းက တစ်နိုင်တစ်ပိုင်သစ်ခိုးထုတ်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စောင့်ကြည့်ဖမ်းဆီးခဲ့ရာမှာ ဒီနေ့အထိ သစ်ငါးတန်လောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အရင်ကတော့ ဖမ်းမိသစ်တွေကို မီးရှို့ဖျက်စီးခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်လလောက်ကစလို့ မီးမရှို့တော့ဘဲ သိမ်းဆည်းခဲ့တာလို့ ယင်းမာပင်မြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"အရင်လတွေက တစ်ရက်ကို ဆိုင်ကယ်အစီးရေ ၅၀ နဲ့ ၁၀၀ ကြားရှိတယ်။ နိုင်ငံရေး မတည်ငြိမ်တော့ ခိုးထုတ်တဲ့သူတွေ တအားဆိုးလာတာ။ တဖြေဖြေးနဲ့ တောကပါးလာတော့ ထိန်းသိမ်းရတော့မယ်ဆိုပြီး ကနီ၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်က ဒေသခံခေါင်းဆောင်တွေတိုင်ပင်ပြီး သတိပေးတာ၊ ဖမ်းတာတွေလုပ် လိုက်တယ်။ အခုတော့ သစ်ခိုးထုတ်သူတွေဆီက သိမ်းထားတဲ့ သစ်တွေကိုသိမ်းထားတယ်။ အရေးတော်ပုံ အတွက် လိုအပ်လာတဲ့အချိန်မှာ ဒီသစ်တွေကို ရောင်းချပြီး ရန်ပုံငွေရှာမှာပါ"
 
သစ်ခိုးထုတ်တဲ့သူတွေကိုတော့ ပညာပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ဧပြီလနဲ့ ဇွန်လတွေက အလောင်းတော်ကဿပနယ်မြေအနီးတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ သစ်ခိုးထုတ်တဲ့သူတွေများပြားခဲ့တာလို့ ဒေသခံတွေ က ပြောပါတယ်။
 
ယင်းမာပင်၊ ကနီ၊ ပုလဲနဲ့ မင်းကင်း စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ အလောင်းတော်ကဿပ သစ်တောဥယျာဉ် ကနေ သစ်ခိုးထုတ်သူတွေဟာ များသောအားဖြင့် ယာကြီး၊ ဝင်းကုန်း၊ အင်းပေါ် စတဲ့ဒေသတွေကဖြစ်ပြီး သစ် အမျိုးအစားကတော့ ပိတောက်သားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းရှိတဲ့ အမျိုးသားဥယျာဉ်ဟာ ၂၀၀၃ ခုနှစ်က အာဆီယံအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org