ရိုက်တာသတင်းသမားတွေကို ဖမ်းဆီးဖို့ ကြိုတင်ကြံစည်ခဲ့တာ တွေ့ရကြောင်း PCMJ ပြော

ရိုက်တာ သတင်းထောက် ၂ ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချတာဟာ ဥပဒေနဲ့ လုံးဝညီညွတ်ခြင်းမရှိကြောင်းနဲ့ အမှုတွဲတစ်ခုလုံးကို ပြန်လည်သုံးသပ်ရာမှာ အာဏာပိုင်တွေဘက်က ကြိုတင်ကြံစည်ခဲ့တာ တွေ့ရတယ်လို့ သတင်းမီဒီကောင်စီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

သတင်းမီဒီကောင်စီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက် ကို ၂၀၁၈၊ ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်နေသော ဥပဒေများအကြောင်းဆွေးနွေးပွဲမှာ တွေ့ရစဉ် Photo: Thant Zin Oo/ RFA

ရိုက်တာ သတင်းထောက် ၂ ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချတာဟာ ဥပဒေနဲ့ လုံးဝညီညွတ်ခြင်းမရှိကြောင်းနဲ့ အမှုတွဲတစ်ခုလုံးကို ပြန်လည်သုံးသပ်ရာမှာ အာဏာပိုင်တွေဘက်က ကြိုတင်ကြံစည်ခဲ့တာ တွေ့ရတယ်လို့ သတင်းမီဒီကောင်စီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်နေသော ဥပဒေများအကြောင်းဆွေးနွေးပွဲကို မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) ကဦးဆောင်ပြီး ဖိုးစိန်လမ်းက The Best Western Green Hill ဟိုတယ်မှာ ဒီနေ့ကျင်းပရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက် အမှုကို PCMJ အဖွဲ့က လေ့လာသုံးသပ်ချက်အရ အာဏာပိုင်တွေဘက်က ကြိုတင်ကြံစည်ခဲ့တာ ထင်ရှားတာကြောင့် တွေ့ရှိချက် ၁၇ ချက်ကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရ၊ လွှတ်တော်နဲ့ တရားဥပဒေပြုရေးအဖွဲ့တွေထံ ပေးပို့သွားမယ်လို့ သတင်းမီဒီကောင်စီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက် က ပြောပါတယ်။

ဆွေးနွေးပွဲမှာ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦး ကိစ္စ ပြန်လည်သုံးသပ်ခြင်းနဲ့ သတင်းမီဒီယာဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ အပိုင်း နှစ်ပိုင်း ဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကနေ ရိုက်တာ သတင်းထောက် နှစ်ယောက်အမှုကို ပြန်လည်သုံးသပ်ဖို့နဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ပြင်ဆင်ဖို့အချက်၊ သတင်းမီဒီယာကောင်စီဥပဒေ ပုဒ်မ ၂၁ မှာပါဝင်တဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီကို ရှေးဦးစွာ တိုင်ကြားနိုင်သည်ဆိုသော စကားရပ်အစား တိုင်ကြားရမည်ဆိုတဲ့ အချက်နဲ့ ပြင်ဆင်သင့်တယ်ဆိုတဲ့ အချက်ပါအဝင် အချက် ၁၇ ချက် ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦးပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org