ပုသိမ်ရေဘေးဒုက္ခသည် နောက်ဆက်တွဲ အခြေအနေ

ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ငဝန်မြစ် ရေတက်လို့ ရပ်ကွက် ၁၀ ခု ကျော်မှာ ရေလွှမ်းမိုးနေတဲ့ အတွက် ဒုက္ခသည်ပေါင်း ၂ သောင်းကျော် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း မြို့တော် ပုသိမ်မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေလွှမ်းနေပုံကို ၂၀၁၂ ခုနှစ် သြဂုတ်လလယ်ပိုင်းတွင် တွေ့ရစဉ်။ Photo Courtesy of Goldren Pathein Facebook

ပုသိမ်မြို့ဝန်းကျင်က ရေဘေး ဒုက္ခသည်တွေကို မိမိတို့ ပါတီက ဖွဲ့စည်းထားတဲ့ ရေဘေး ကယ်ဆယ်ရေး အဖွဲ့နဲ့အတူ ပွင့်လင်း လူ့အဖွဲ့အစည်း၊ မေတ္တာရိပ် ကျန်းမာရေး ကူညီစောင့်ရှောက်မှု အသင်း၊ သဒ္ဒါဖြူ သွေးလှုရှင်အဖွဲ့၊ လင်းရောင်ခြည် ဖောင်ဒေးရှင်း တို့က ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေတယ်လို့ ပုသိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင် ကိုအောင်တင်ဦးက RFA ကို ပြောပါတယ်။

မိုးပြင်းထန်စွာ ၂ ပတ် နီးပါး ဆက်တိုက်ရွာခဲ့တဲ့အတွက် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပါွးနိုင်တဲ့ အလားအလာ ရှိတယ်လို့လည်း သိရပါတယ်။

ရေဘေးကြောင့် ပုသိမ်ခရိုင် အတွင်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၀၀၀ ကျော်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားရတယ်လို့ ဧရာဝတီတိုင်း အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

လယ်ဧက ၂ သိန်း ၂သောင်းကျော် ရေနစ်မြုတ်နေပြီး ရေဘေးကြောင့် ဒုက္ခရောက်နေသူ ၂ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org