ပန်းတနော်တည်ငြိမ်ရေး ဘာသာရေးခေါင်းဆောင်တွေ ထိန်းသိမ်းနိုင်

သြဂုတ်လ ၂၆ ရက်နေ့က ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ မူစလင် အမျိုးသားတစ်ဦး သီချင်းဖွင့်ရာက အချင်းများပြီး လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့ရာမှာ ဒေသခံ ဘာသာရေး ခေါင်းဆောင်တွေနဲ့အုပ်ချုပ်ရေး အာဏာပိုင်တွေက ပူးပေါင်းပြီး ဆူပူမှုတွေပေါ်ပေါက်ခြင်းမရှိအောင် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုတော့ အခြေအနေတွေ အေးချမ်းနေပါပြီလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ဒု ရဲမှုးကြီးထွန်းမင်းက RFA ကို ပြောပါတယ်။

"သူတို့အချင်းချင်း စကားများတာလည်း မဟုတ်၊သီချင်းဖွင့်တာဆိုတာကို ပတ်ဝန်းကျင်ကို ရှင်းပြတယ်။ဗလီဆရာကလည်း သူ့ဟာသူထိန်းမယ်။ဒီဘက်ကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှုးနဲ့သာသာနာရေးတို့က လာထိန်းတယ်။တဲအိမ်ကိုမီးရှို့မှာစိုးလို့ ဗလီဆရာက သူ့အဖွဲ့နဲ့အဲဒီတဲ ခြံတိုင်လေးတွေ ယူသွားတယ်"

ဘာသာရေးခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေ ဆွေးနွေးပွဲအပြီးမှာ အဲဒီ မူစလင် ဘာသာဝင် သုံးဦးဟာ ပန်းတနော်မြို့က မဟုတ်ဘဲ၊ရန်ကုန်မြို့ကနေ စီးပွားရေးလာရောက်လုပ်ကိုင်နေသူတွေဖြစ်ကြောင်း ဒေသခံ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေရဲ့ ပြောဆိုချက်အရ အဲဒီနေ့ နေ့လည်မှာပဲ ပန်းတနော်မြို့ကနေ ရန်ကုန်မြို့ကို ပြန်လည်ပြောင်းရွှေ့နေထိုင်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org