NLD ရုံးချုပ်မှာ ပင်လုံစိတ်ဓာတ် ဟောပြောပွဲကျင်းပ
NLD ပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးပမ်း အကောင်အထည်ဖော်နေတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ၊ ပင်လုံစိတ်ဓာတ်ဆိုတဲ့ အကြောင်းတွေကို NLD ပါတီခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်တို့က NLD ရွှေဂုံတိုင်ရုံးချုပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက ဟောပြောခဲ့ကြောင်း NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
-
2010-12-23 -
-
-
မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
(RFA)
Your browser doesn’t support HTML5 audio
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ဖြစ်ပေါ်လာရေးကို ဆက်လက် လုပ်ဆောင် နေတယ်လို့ NLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီလို လုပ်ဆောင်ရာမှာ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်တွေ ကိုယ်တိုင် ပါဝင်လာရေးကိုလည်း အလေးပေး ဆောင်ရွက်နေကြောင်း သိရပါတယ်။
ဒုတိယအကြိမ်ပင်လုံညီလာခံ ဆိုတဲ့ကိစ္စဟာ အန္တရာယ်ကို ရင်ဆိုင်နေတာသာ ဖြစ်ပြီး စတန့်ထွင်နေတာ ဖြစ်တယ်လို့ စစ်အစိုးရ သတင်းစာတွေက ရေးသားခဲ့ပြီး ၊ အဲဒီလို ထင်မြင် ရေးသားနေတာတွေဟာ နားလည်မှုလွဲနေတာသာ ဖြစ်တယ်လို့ RFA အပါအဝင် ပြည်ပ ရေဒီယိုတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ပြောကြားခဲ့ပါတယ်။
ပင်လုံစိတ်ဓာတ်နဲ့ ပတ်သက်လို့ ကိုယ်တိုင် ဟောပြောခဲ့သူ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |