စပါး တရားမဝင်တင်ပို့ရောင်းချမှု ဆန်စပါးကုန်စည်ဒိုင် တားမြစ်

ပြည်တွင်း ပြည်ပက ကုန်သည်ပွဲစားတွေဟာ မြန်မာနိုင်ငံ ဒေသအသီးသီးက ထွက်ရှိတဲ့စပါးတွေကို တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့ရောင်းချနေတဲ့အတွက် အထူးတားမြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်က ကြေညာချက်ထုတ်လိုက်ပါတယ်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် Photo: Kan Thar/RFA

ပြည်တွင်း ပြည်ပက ကုန်သည်ပွဲစားတွေဟာ မြန်မာနိုင်ငံ ဒေသအသီးသီးက ထွက်ရှိတဲ့စပါးတွေကို တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့ရောင်းချနေတဲ့အတွက် အထူးတားမြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်က ကြေညာချက်ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ စပါးတွေကို ပြည်ပနိုင်ငံကို တင်ပို့ရောင်းချခွင့် မပြုဘဲ အစိုးရက ဥပဒေထုတ် တားမြစ်ထား တာပါ။ အခု အောက်တိုဘာလကစပြီး မိုးစပါးစပေါ်ချိန်မှာပဲ တရုတ်ပြည်က ကုန်သည်တွေဟာ ပြည်တွင်းကို ဝင်ရောက်ကာ တောင်သူတွေဆီကနေ စပါးဝယ်ယူတာတွေ ရှိနေတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်း ဆန်စက်လုပ်ငန်း ရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးလှဦးက ပြောပါတယ်။

ပြည်တွင်း ကုန်သည်တွေက စပါးတွေကို တရုတ်ပြည်ကို တရားမဝင်တင်ပို့မှုတွေ ရှိနေတဲ့အပြင် တရုတ်ကုန် သည်တွေက ပြည်တွင်း ကုန်သည်တွေထက် ဈေးကြီးပေးပြီး စပါးကို ဝယ်ယူတာတွေကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဆန်စက်လုပ်ငန်းတွေ ရပ်တည်ဖို့ ခဲယဉ်းလာသလို စပါးကနေထွက်မယ့် တိရိစ္ဆာန်အစာဖြစ် တဲ့ ဖွဲနု၊ ဆန်ကွဲ စတာတွေ ရှားပါးပြီး ဈေးမြင့်တက်တာတွေထိ ဖြစ်လာနေတယ်လို့ သိရပါတယ်။

တရားမဝင် စပါးရောင်းဝယ်နေတာတွေကို သတင်းပေးတိုင်ကြားကြဖို့နဲ့ တိုင်ကြားမှုတွေရှိလာရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ဒေသခံအာဏာပိုင်တွေနဲ့ လိုအပ်သလို ပူးပေါင်းပါဝင် ဆောင်ရွက်သွားမယ်လို့လည်း မူဆယ် ဆန်စပါးကုန်စည်ဒိုင်ရဲ့ သတိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org