သိမ်းဆည်းခံ လယ်ဧက တစ်သောင်းကျော် ပြန် လည်တောင်းဆို

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့မှာ ဒေသခံလယ်သမား ၂၀၀ ဝန်းကျင်ဟာ စစ်တပ်ကသိမ်းယူခဲ့တဲ့ လယ်ယာမြေ ပြန် လည်ရရှိရေးအတွက် မနေ့မနက်ပိုင်းက တရားဝင်ခွင့်ပြုချက် နဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့မှာ ဒေသခံလယ်သမား ၂၀၀ ဝန်းကျင်ဟာ  စစ်တပ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် မနေ့မနက်ပိုင်းက  တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ်ကစပြီး ပန်းတောင်းမြို့အခြေစိုက် တပ်တွေကသိမ်းယူခဲ့တဲ့ လယ်ယာမြေဧက တစ်သောင်းကျော်အတွက် ပန်းတောင်းမြို့ ပေါ်တော်မူဘုရားဟောင်းအနီးကနေ မြေစာရင်းရုံးအထိ ချီတက်ဆန္ဒပြခဲ့ကြကြောင်း  ဆန္ဒပြပွဲမှာပါဝင်တဲ့ လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ၈  နာရီခွဲမှာစပြီးတော့ လမ်းလျှောက်တယ်၊ ပန်းတောင်းမြို့ ပေါ်တော်မူအဟောင်းနေရာက ကမ်းနားကနေပြီးတော့ ပန်းတောင်းတောင်ပေါ်လမ်း သိပ္ပံလမ်းအတိုင်း ပြန်ထွက်တယ်၊ နတ်မောက်လမ်းထိပ်ကနေ ပြန်ပတ်ထွက်ပြီးတော့ ပေါ်တော်မူအဟောင်းနေရာမှာပဲ လူစုခွဲတယ်ပေါ့"

ဒီဆန္ဒပြပွဲမှာ စစ်တပ်တွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့၊ လယ်သမားအကျိုးစီးပွား ကာကွယ်တဲ့ဥပဒေ အမြန်ဆုံးပေါ်ပေါက်လာဖို့၊ စိုက်ပျိုးရာသီအမီ လယ်ယာမြေ မှတ်ပုံတင်ခွင့်ရရှိဖို့၊ စုံစမ်းစစ်ဆေးရေး ကော်မတီအနေနဲ့ လယ်ယာမြေသိမ်းယူမှု အခြေအနေတွေကို အမြန်ဆုံးလာရောက်စစ်ဆေးပေးဖို့ ဆိုတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

အဲဒီလယ်ယာမြေတွေကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ က.ပ.စ (၅) (၆) (၁၀) တပ်ဖွဲ့တွေအပါအဝင် အကြီးစားအထွေထွေစက်မှုလုပ်ငန်း က.စ.စ (၂၃) စတဲ့တပ်တွေက လျော်ကြေးမပေးဘဲ သိမ်းယူခဲ့ကြောင်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org