ကျောင်းသား ၉ ဦး အာမခံရ
အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့ ဧရာဝတီတိုင်း ဒေသ ကြီး၊ ပုသိမ်မြို့က ငြိမ်းချမ်းရေးပြဇာတ်က ခဲ့တဲ့ ကျောင်းသား ၉ ဦးကို အားလုံးအတွက် ငွေကျပ် ၁၀ သိန်းနဲ့ ပုသိမ်မြို့နယ် တရားရုံးက မနေ့က အာမခံပေး လိုက်ပါတယ်။
-
2017-02-09 -
-
-
အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့ ဧရာဝတီ တိုင်း ဒေသကြီး၊ ပုသိမ်မြို့က ငြိမ်းချမ်းရေးပြဇာတ်ကခဲ့တဲ့ ကျောင်းသား ၉ ဦးကို အားလုံးအတွက် ငွေကျပ် ၁၀ သိန်းနဲ့ ပုသိမ်မြို့နယ် တရားရုံးက မနေ့က အာမခံပေးလိုက်ပါတယ်။
ကိုယ်ပိုင်ခံဝန်နဲ့ အာမခံလျှောက်ထားရာမှာ တရားသူကြီးက အာမခံပေးလိုက်တာဖြစ်တယ်လို့ တရားစွဲခံထား ရတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။
"မနေ့က ရုံးထုတ်က လုပ်ဖြစ်တာကတော့ အာမခံယူတယ်ပေါ့နော်၊ အာမခံတောင်းတာ ကိုယ်ပိုင်ခံဝန်နဲ့ပဲ အာမခံလျှောက်တော့ တရားသူကြီးက ကိုယ်ပိုင်ခံဝန်ပေးတယ်၊ ၉ ယောက်စလုံးကို ၁၀ သိန်းနဲ့ အာမခံပေးတယ်ဆိုပြီး အမိန့်ချတယ်ဆိုတော့ အာမခံရတယ်"
တရားစွဲခံထားရတဲ့ ကျောင်းသား ၉ ဦးကို ပုသိမ်မြို့နယ် တရားရုံးမှာ မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ် ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရုံးချိန်းထပ်မံချိန်းဆိုထားပြီး အဲဒီရုံးချိန်းကျရင် ဆယ်တန်းကျောင်းသား ၄ ဦးအတွက် အသက်မပြည့်ကြောင်း ထောက်ခံစာယူဖို့ တင်ပြသွားမှာ ဖြစ်တယ်လို့လည်း ကိုအောင်ခန့်ဇော် က ပြောပါတယ်။
တရားစွဲခံထားရတဲ့ ကျောင်းသားတွေထဲက ဆယ်တန်းကျောင်းသား ၄ ဦးဟာ လာမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခွင့်ရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကပြဖျော်ဖြေခဲ့ရာမှာ သုံးနှုန်းတဲ့စကားလုံးအသုံးအနှုန်းတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး အသရေဖျက်မှုနဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲ ထားတာဖြစ်ပါတယ်။