မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းမှာ ပိတ်မိသူတွေအရေး ထိုင်းကို အကူအညီတောင်း

လာအိုနိုင်ငံက လူ ၁၉ ယောက် အပါအဝင် နိုင်ငံ ကိုးနိုင်ငံက လူအယောက် ၁၁ဝ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် ဧပြီလအတွင်း တွေ့မြင်ရသည့် ထိုင်းနယ်စပ်အနီးမှ တရုတ်နိုင်ငံသားပိုင် လောင်းကစားရုံတစ်ခု မြင်ကွင်း။ Photo: RFA

လူကုန်ကူးခံရပြီး ကရင်ပြည်နယ်မှာ တရုတ်ဒုစရိုက်ဂိုဏ်းက အဓမ္မခိုင်းစေနေတဲ့ လူ ၁ဝဝ ကျော် အမြန်ပြန်လွတ်အောင် ကူညီပေးဖို့ ထိုင်းအစိုးရကို အရပ်ဘက်အဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

လူကုန်ကူးခံရသူတွေကို ကူညီနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (Civil Society Network for Victim Assistance in Human Trafficking) က ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ဆီကို အောက်တိုဘာ ၂၄ ရက်နေ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းလိုက်တာပါ။

လာအိုနိုင်ငံက လူ ၁၉ ယောက် အပါအဝင် နိုင်ငံ ကိုးနိုင်ငံက လူအယောက် ၁၁ဝ ဟာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA နဲ့ နယ်ခြားစောင့်တပ် BGF တို့ ထိန်းချုပ်တဲ့ဒေသမှာ ပိတ်မိနေကြောင်း RFA ကိုပါ ပူးတွဲမိတ္တူပေးပို့တဲ့ ပေးစာမှာ ဖော်ပြပါတယ်။

DKBA ဟာ ကရင်အမျိုးသားအစည်းအရုံး KNU က ခွဲထွက်တဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ် (BGF) အတွက် DKBA က တပ်သားသစ် စုဆောင်းပေးပါတယ်။

စစ်ကောင်စီကို လိုလားတဲ့ ဒီနှစ်ဖွဲ့ဟာ ထိုင်းနယ်စပ် မဲဆောက်မြို့ တစ်ဖက်ခြမ်းက မြန်မာဘက်မှာ ကာစီနိုလောင်းကစားနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအပါအဝင် စီးပွားရေးတွေ အကြီးအကျယ်လုပ်ခွင့်ရထားတာပါ။

တခြားနိုင်ငံတွေက လူကုန်ကူးခံရသူတွေကို မြန်မာနိုင်ငံကို ပို့ဆောင်ဖို့အတွက် မဲဆောက်မြို့နယ်ကို တရုတ်ဒုစရိုက်ဂိုဏ်းက ကြားစခန်းအဖြစ် အထူးအသုံးချနေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သောင်ရင်းမြစ်တစ်လျှောက်က နှစ်နိုင်ငံ နယ်စပ်ဖြစ်နေတာကို အခွင့်ကောင်းယူနေတယ်လို့လည်း အဖွဲ့က ထောက်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org