အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်သူ ငါးသောင်းခန့်ကို မြန်မာက တရုတ်ထံ လွှဲပြောင်း

ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်တယ်လို့ သံသယရှိသူ ၄၉,၀၀၀ ကျော်ကို မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်ဆက်စပ်သည်ဟု ယူဆရသည့် တရုတ်နိုင်ငံသား ၃၃၇ ဦးအား ကိုးကန့်တပ်ဖွဲ့မှ တရုတ်နိုင်ငံဘက်သို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က လွှဲပြောင်းပေးခဲ့စဥ်။ ကိုးကန့်ဒေသ သတင်းလွှာ

ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်တယ်လို့ သံသယရှိသူ ၄၉,၀၀၀ ကျော်ကို မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်ကစလို့ မြန်မာနိုင်ငံက လွှဲပြောင်းပေးတဲ့အရေအတွက်ဖြစ်ပြီး ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ရာဇဝတ်ဂိုဏ်း အများအပြားကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ်စလို့ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်မှုဖြစ်ရပ်တွေ မြင့်တက်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးချုပ်နှောင်မှုအစရှိတဲ့ ရာဇဝတ်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အခုလို ရာဇဝတ်မှုတွေကို ဦးစားပေးအရေးယူခဲ့တာမှာ သိသာထင်ရှားတဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့သလို လိမ်လည်မှုဖြစ်ရပ်တွေဟာ ရှစ်လဆက်တိုက်ကျဆင်းခဲ့ပြီး ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်အတွင်း တရုတ်နိုင်ငံတစ်ဝန်းက ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းတွေဟာ အွန်လိုင်းလိမ်လည်မှုဖြစ်ရပ် ၁ ဒသမ ၉၄ သန်းကျော်ကို နှိမ်နင်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org