အမုန်းပွားစေတဲ့ ပြောဆိုရေးသား လှုံ့ဆော်သူတွေကို အရေးယူပေးဖို့ OIC တောင်းဆို

မြန်မာနိုင်ငံမှာ အမုန်းတရားပွားများစေ တဲ့ ပြောဆိုရေးသားချက်တွေကို ပြောဆိုဖြန့်ဖြူးပြီး အကြမ်း ဖက်မှုတွေဖြစ်ပွားအောင် လှုံ့ဆော်သူတွေကို အစိုးရက အရေးယူပေးဖို့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ OIC က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်များအရေး ဆောင်ရွက်နေတဲ့ OIC Contact Group တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Tan Sri Syed Hamid Albar (ဝဲစွန်)နဲ့အဖွဲ့ စက်တက်ဘာလ ၃ ရက်နေ့က စစ်တွေ မြို့ ECC ရုံးမှာ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်ကိုယ်စား လှယ်တွေ တွေ့ဆုံစဉ် Photo: Min Thein Aung/RFA

မြန်မာနိုင်ငံမှာ အမုန်းတရားပွားများစေတဲ့ ပြောဆိုရေး သားချက်တွေကို ပြောဆိုဖြန့်ဖြူးပြီး အကြမ်းဖက် မှုတွေဖြစ်ပွားအောင် လှုံ့ဆော်သူတွေကို အစိုးရက အရေးယူပေးဖို့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ OIC က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်များအရေးဆောင်ရွက်နေတဲ့ OIC Contact Group တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း နယူးယောက်မြို့မှာ စက်တင်ဘာ ၂၅ ရက်နေ့က ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး အခုလို မူဝါဒ ချမှတ် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီအဆိုကို မြန်မာနိုင်ငံဆိုင်ရာ OIC အထူး ကိုယ်စားလှယ် Syed Hamid Albar က တင်သွင်း တာဖြစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော်မှာ မွတ်စလင် လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက်ခွင့်ရရေး Mr. Albar က ကြိုးပမ်းနေတာကိုလည်း ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အရင်က နိုင်ငံသားဖြစ်ခွင့် ပယ်ဖျက်ခံရသူတွေကို နိုင်ငံသားပြန်ပေးဖို့ကို လည်း မြန်မာအစိုးရကို ဒီအဖွဲ့ကတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org