ကချင်မှာ တရားဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသား ၂၀၀၀ ကျော်ရှိ

ကချင်ပြည်နယ်အတွင်းက ပုဂ္ဂလိက လုပ်ငန်းမျိုးစုံမှာ အစိုးရရဲ့ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် နှစ်ထောင်ကျော်ရှိတယ် လို့ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။

လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်ကို တွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်အတွင်းက ပုဂ္ဂလိကလုပ်ငန်းမျိုးစုံမှာ အစိုးရရဲ့ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် နှစ်ထောင်ကျော် ရှိတယ်လို့ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။

မြစ်ကြီးနားမြို့ က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအပြီး RFA နဲ့ သီးသန့်တွေ့ဆုံရာမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က အဲဒီလိုပြောတာဖြစ်ပါတယ်

"လောလောဆယ်ကျွန်တော်တို့ GC ရော Green Card ပေါ့ အခွန်ဆောင်ပြီးမှဝင်ရတဲ့ Green Card ရော Entry Permit လို့ ခေါ်တဲ့ ဋ္ဌာနဆိုင်ရာအသီးသီး Survey တွေဘာတွေလာလုပ်ရ တဲ့ နိုင်ငံခြားသားအရေ အတွက်ကော လက်ရှိကာလမှာ ကျနော်တို့ နှစ်ထောင်ကျော်ပေါ့ မြန်မာပြည် ထဲမှာ အလုပ်လုပ်ကိုင် ဆောင်ရွက်နေတယ်ဆိုတာပြောလိုပါတယ်။ GC တခုပေးထားမယ်ဆိုရင် တနှစ်လုပ်လို့ရတယ်။ ဒါပေမဲ့ တဆက်တည်းတနှစ်လုံး ကိုင်ထားလို့မရဘူး၊ သုံးလသုံးလ သက်တမ်း ကို ပြန်တိုးရပါတယ်။ ဒါကလည်းကျနော်တို့ ဖောင်းပွတာတို့ သတ်မှတ်ထားတဲ့နေရာတွေမရှိဘဲနဲ့ ခိုးပြီးတော့မှ ရတနာနယ်မြေကိုသွားတာ တနိုင်းကိုသွားတာ အစရှိသည်ဖြင့် မဖြစ်အောင် နေရာ သတ်မှတ်ချက်တွေ ကျနော်တို့ ထည့်သွင်းဖော်ပြပြီးတော့လုပ်ရပါတယ်"

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေး စတဲ့ လုပ်ငန်းခွင်တွေ၊ အစိုးရနဲ့ သဘောတူညီ ပြီးလုပ်ကိုင်နေ တဲ့ စီမံကိန်းတွေမှာ ပညာရှင် ဒါမှမဟုတ် သုတေသန လုပ်ကိုင်ဖို့ လာရောက်တဲ့ တရုတ်နိုင်ငံသားတွေကို ဥပဒေနဲ့ကိုက်ညီရင် အစိမ်းရောင်ကဒ် Green Card နဲ့ Entry Permit တွေကိုထုတ်ပေးနေတာဖြစ်ပါတယ်။

အဲဒီလိုခွင့်ပြုချက်နဲ့ ကိုက်ညီလို့ နေထိုင်လုပ်ကိုင်ခွင့်ရတဲ့ နိုင်ငံခြားသားတွေထံကနေ ပြည်ထောင်စု အစိုးရက အခွန်ငွေတွေ ကောက်ခံရရှိတယ်လို့ ဆိုပါတယ်။

အရင်က နှစ်နိုင်ငံအစိုးရချင်း နားလည်မှုစာချွန်လွှာရေးထိုးပြီး အကောင်အထည်ဖော်လုပ်ကိုင်နေတဲ့ စီမံကိန်းတွေ မှာ အဝါရောင်ကဒ် Yellow Card - YC ကိုထုတ်ပေးခဲ့ပါတယ်။

အခုအစိုးရလက်ထက်မှာတော့ အစိုးရချင်းဆက်စပ်လုပ်ကိုင်မှုတွေ မရှိသေးတာကြောင့် အဲဒီ အဝါရောင်ကဒ် နဲ့ နေထိုင်ခွင့်တွေကို ထုတ်ပေးတာမရှိဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org