အားလုံးပါဝင်တဲ့ ရွေးကောက် ပွဲဖြစ်ရေး အိုဘားမား တိုက်တွန်း

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင် ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် ၁၄ ဦးရဲ့မနေ့က ဆွေးနွေးပွဲမတိုင်ခင် လေး ငါး နာရီအလိုမှာ အမေရိကန်သမ္မတအိုဘားမားက သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီတယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားပုံ Photo: wh.gov

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် ၁၄ ဦးရဲ့ မနေ့က ဆွေးနွေးပွဲ မတိုင်ခင် လေး ငါး နာရီအလိုမှာ အမေရိကန်သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကို သီးခြားစီ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြောဆိုခဲ့ရာမှာ ၂၀၁၅ ရွေးကောက်ပွဲဟာ အားလုံးပါဝင်တဲ့ ရွေးကောက် ပွဲဖြစ်အောင်၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိအောင် အချိန်တိုအတွင်း အစွမ်းကုန် ကြိုးစားဖို့ တိုက်တွန်းခဲ့သလို၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ လူမှုရေး၊ နိုင်ငံရေးအခွင့်အလမ်းတွေ ပိုမိုတိုးတက်မှုရှိလာအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော် ကြေညာချက်က ဖေါ်ပြပါတယ်။

ဒါ့ပြင် အာဆီယံညီလာခံတက်ရောက်ဖို့ လာရောက်မယ့် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ လည်း ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုခဲ့ရာမှာ လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်းတွေ၊ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အခြေအနေတွေ ဆွေးနွေးခဲ့သလို၊ အမေရိကန်သမ္မတက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပိုမိုထွန်းကား လာအောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေအပေါ် အသိအမှတ်ပြုကြောင်း၊ ပိုမိုလွတ်လပ်ပွင့်လင်းပြီး၊ သာယာဝပြောတဲ့ မြန်မာနိုင်ငံ ဖြစ်ပေါ်လာအောင် အမေရိကန်ပြည်ထောင်စုက ဆက်လက်အာေးပးကူညီသွား မယ်လို့ ကတိပြုခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org