စစ်ကောင်စီ ငြိမ်းချမ်းရေးသဘောထားကို အလေးအနက်ဆန်းစစ်ဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတကာက ငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ တိုက်တွန်းမှုတွေ အများအပြားရှိလာကြောင်း၊ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ ထိုးစစ်ရပ်ဖို့ မိမိတို့က ကြေညာခဲ့ပေမယ့် စစ်ကောင်စီက ပြည်သူကိုဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒီရက်ပိုင်း ပြင်းပြင်းထန်ထန်လုပ်လာနေတာ စိတ်ပျက်ဖွယ်ရာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ NUG

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် သဘောထားကို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လေးလေးနက်နက် ဆန်းစစ်သုံးသပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းလိုက်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့က ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးကနေ တိုက်တွန်းလိုက်တာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတကာက ငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ တိုက်တွန်းမှုတွေ အများအပြားရှိလာကြောင်း၊ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ ထိုးစစ်ရပ်ဖို့ မိမိတို့က ကြေညာခဲ့ပေမယ့် စစ်ကောင်စီက ပြည်သူကိုဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒီရက်ပိုင်း ပြင်းပြင်းထန်ထန်လုပ်လာနေတာ စိတ်ပျက်ဖွယ်ရာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

မိမိတို့အနေနဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို အစဉ်တစိုက်လိုလားကြောင်း၊ ဒါကြောင့် စစ်ကိုင်းငလျင်ကြီးအပြီးမှာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှ အပ၊ အပစ်အခတ်ရပ်စဲဖို့ ပထမဆုံး ကြေညာခဲ့တာဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံမှာ မည်သည့်စစ်အုပ်ချုပ်ရေးမဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးဆိုတာ ပြန်လည်သုံးသပ်သင့်တယ်လို့လည်း ဆိုပါတယ်။ နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက်သေပဲဆိုတာ သိနားလည်ဖို့ လိုအပ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူလူထုရဲ့ အဓိကလိုလားချက်တွေကို လစ်လျူမရှူဖို့ အားလုံး အာရုံစိုက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ သမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org