နော်ဝေသံရုံးကို ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းသဝဏ်လွှာ ပေးပို့

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေသံရုံးထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ စနေနေ့က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အစိုးရရုံးတွေနဲ့လူငယ် နွေရာသီစခန်း တစ်ခုကို နော်ဝေနိုင်ငံသား တစ်ယောက်က အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ်။ လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံး တုန်လှုပ်သွားခဲ့ပါတယ်။

အခုလို ဖြစ်ရပ်အပေါ် အထူး ဝမ်းနည်းကြေကွဲကြောင်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ကြောင်း အင်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

နော်ဝေးနိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီ အရေး လှှုပ်ရှားမှု အတွက် နှစ်ပေါင်းများစွာ ဘဏ္ဍာရေး အကူအညီ ပေးနေပြီး၊ ထိုင်း-မြန်မာ နယ်စပ်က လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ အပါအဝင် ဒီမိုကရက်တစ် မြန်မာ့အသံကိုပါ နှစ်စဉ် ငွေကြေး အကူအညီပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org