ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို NNER ကန့်ကွက်
သင်တန်းတွေ၊ ပညာတော်သင်ကိစ္စတွေအပါအဝင် ပြည်ပခရီးစဉ်တွေအတွက် ပညာရေး ဝန်ထမ်းတွေကို နာမည်တပ်ဖိတ်ကြားရင် ခွင့်မပြုဘူးဖို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိစ္စကို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကန့်ကွက်လိုက် ပါတယ်။
-
2017-12-29 -
-
-
သင်တန်းတွေ၊ ပညာတော်သင်ကိစ္စတွေအပါအဝင် ပြည်ပခရီးစဉ်တွေအတွက် ပညာရေးဝန်ထမ်းတွေကို နာမည် တပ်ဖိတ်ကြားရင် ခွင့်မပြုဘူးဖို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ကိစ္စကို ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကန့်ကွက်လိုက်ပါတယ်။
အဲဒီလို ကန့်သတ်လိုက်တာဟာ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးပြည့်ဝဖို့ လွတ်လပ်စွာသင်ယူနိုင်ခွင့်ကို ထိခိုက်တယ်လို့ NNER အဖွဲ့က ဒေါ်သူသူမာ က ပြောပါတယ်။
"ဆရာ ၊ ဆရာမတွေရဲ့ လွတ်လပ်စွာသင်ယူနိုင်ခွင့်နဲ့ ဖွံ့ဖြိုးခွင့်တို့ကိုတော့ အရင်ဆုံးစထိခိုက် တာပေါ့နော်။ ဆိုလိုချင်တာက ဆရာတစ်ယောက်က သူရဲ့ဆရာတစ်ယောက် အရည်အသွေးပြည့်၀ ဖို့လေ၊ ရတဲ့နေရာက သင်ယူဖို့ အခွင့်လမ်းရှိရမယ်၊ လွတ်လပ်ခွင့်လည်းရှိရမယ်ပေါ့နော်၊ အဲဒီဖွံ့ဖြိုးခွင့်ကိုတော့ အဓိက ထိခိုက်သွားတာပေါ့နော်"
NNER ရဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ရပ်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ အမျိုးသားပညာရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေတွေဟာ ဗဟိုချုပ်ကိုင်မှုကို ဦးတည်နေတာ၊ ပညာရေးလွတ်လပ်ခွင့်နဲ့ ဆရာ၊ ဆရာမတွေရဲ့ လွတ်လပ်ခွင့်ကို အာမခံမှု ကင်းမဲ့နေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဆရာတွေရဲ့ အရည်အသွေးကို ဖြည့်ဆည်းပေးဖို့ အစိုးရက ဆောင်ရွက်ပေးမယ့်အစား အခုလို ပညာရေး ဝန်ကြီးဌာနက ဗဟိုချုပ်ကိုင်မှုစနစ်ကို ကျင့်သုံးပြီး ဆရာ၊ ဆရာမတွေရဲ့ တသက်သာသင်ယူနိုင်ခွင့်နဲ့ ဖွဲ့ဖြိုးတိုးတက် ခွင့်တို့ကို ပိတ်ပင်၊ ကန့်သတ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း ပါရှိပါတယ်။
ဒါကြောင့် အဲဒီညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ ဗဟိုချုပ်ကိုင်မှုလွန်ကဲနေတဲ့ အမျိုးသားပညာရေးဥပဒေ အပါအဝင် ပညာရေးဆိုင်ရာ တခြားဥပဒေတေါ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်ညွှန်ကြားချက်တွေကို အမြန်ဆုံးပြင်ဆင်ပေးဖု့ိ တောင်းဆိုကြောင်းလည်း NNER ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။