ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူးခန့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို အန်အယ်လ်ဒီ ပါတီရဲ့ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး (Campaign manager) အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။
-
2012-01-26 -
-
-
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပါတီဌာနချုပ်ရုံးတွင် တွေ့ရသည့် NLD အဖွဲ့ဝင်များ။
AFP
အန်အယ်လ်ဒီပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ဒီကနေ့ ကျင်းပတဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေး ကနေ အခုလို တာဝန် ပေးအပ်လိုက်တာလို့ အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က အာအက်ဖ်အေကိုပြောပါတယ်။
“ဦးဉာဏ်ဝင်းဟာ အတွင်းရေးမှူး အဖွဲ့ဝင် ဖြစ်သလို ဥပဒေ ပညာရှင်ကြီးလည်း ဖြစ်တယ်။ အဲဒါကြောင့် ဥပဒေရေးရာ ကိစ္စတွေရော၊ တခြားတခြား ရွေးကောက်ပွဲ သွားရမယ့် ခရီးလမ်းမှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက်၊ ဥပဒေနဲ့ အညီ မှန်မှန်ကန်ကန် ဖြစ်ဖို့ အတွက် ဦးဉာဏ်ဝင်းကို တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်”
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ် အတည်ပြုပြီးပေမယ့် နောက်ဆုံးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၀ ရက် နောက်ပိုင်းမှာမှ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေက မဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေကို စတင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အန်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို ကော်မတီ ၅ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး အဲဒီထဲမှာ ဦးဝင်းတင် ဦးဆောင်တဲ့ သတင်း ပြန်ကြားရေးနဲ့ စာစောင်ထုတ်ဝေရေး ကော်မတီဝင် ၇ ဦး၊ မုံရွာ အောင်ရှင် ဦးဆောင်တဲ့ မဲဆွယ် ဟောပြောရေး ကော်မတီဝင် ၁၀ ဦး၊ ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီဝင် ၉ ဦး၊ ဦးတင်ဦး ဦးဆောင်တဲ့ ဥပဒေရေးရာ ကော်မတီဝင် ၁၆ ဦး၊ စာရင်းစစ် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၄၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။
ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |