အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ပေးဖို့ NLD တောင်းဆို
အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သင့်တင့် လျောက်ပတ်တဲ့ နိုင်ငံရေး အခြေအနေကောင်းတွေကို အခုချိန်က စပြီး ဆောင်ရွက်ပေးဖို့ စစ်အစိုးရကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆို လိုက်ပါတယ်။ ဒီဇင်ဘာ ၁ ရက် ဒီကနေ့ မနက်ပိုင်းက NLD ပါတီက ပြုလုပ်တဲ့ အနှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့- အမျိုးသားနေ့ အခမ်းအနားမှာ ထုတ်ပြန်တဲ့ NLD ပါတီရဲ့ ကြေညာချက်မှာ ခုလို ဖော်ပြထားတာပါ။
-
2010-12-01 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် NLD ပါတီက လိုလားသလို စစ်အစိုးရဖက်ကလဲ အမျိုး သား စည်လုံးညီညွတ်မူ ရအောင် ကြိုးပမ်း ရမယ်လို့ ဦးတည် ချက်တွေ ထားတဲ့အတွက် လိုအပ်ချက် ဖြစ်တဲ့ နိုင်ငံရေးအခြေအနေကောင်းတွေ ဖန်တီ်း ပေးဖို့ လိုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
NLD ပါတီရဲ့ အမျိုးသားအောင်ပွဲနေ့ ကြေညာချက် စာတမ်းပါ တောင်းဆိုချက်တွေကို NLD ပါတီၤက ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ခုလို ဖတ်ပြပါတယ်။
“အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ နိုင်ငံရေး အခြေအနေကောင်းတွေကို အခုအချိန်မှာပဲ စပြီးတော့ ဖော်ဆောင်ပေးရမှာ ဖြစ်တဲ့အကြောင်း၊ အဲလို ဖော်ဆောင်နိုင်ဖို့ ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီမိုကရေစီရေးအတွက် ကြိုးပမ်းရင်း အကြောင်းအမျိုးမျိုး ပြပြီး ထောင်ဒဏ် ကျခံသွားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးပါ၊ ဆုံးဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်ပြီးတော့ ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုများ အမြန်ဆုံး ဆောင်ရွက်ပါ၊ တိုင်းရင်းသားတွေ မပါပဲနဲ့တော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံဆိုတာဟာ တည်ဆောက်နိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် အမျိုးသား ရင်ကြားစေ့ရေး အမြန်ဆုံး ဆုံးဖြတ် ဆောင်ရွက်ပေးပါလို့ တောင်းဆိုလိုက်ကြောင်း အဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။”
ဒီကနေ့ အခမ်းအနားကို မနက် ၁၁နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီဌာချုပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မွန်းလွဲ ၂ နာရီခွဲမှာ ပြီးဆုံးပါတယ်။ အခမ်းအနားကို ပါတီဝင်များနဲ့ ဖိတ်ကြားထားသူများ ဧည့်ပရိဿတ် ၁၀၀၀ ကျော် တက်ရောက်ပါတယ်။ အခမ်းအနားကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့နဲ့ ကမန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း သဝဏ်လွှာများ အသီးသီး ပေးပို့တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဗန်ကောက်မြို့ကနေ သတင်း ပေးပို့ထားပါတယ်။
အမျိုးသား အောင်ပွဲနေ့ အခမ်းအနား |
|
အသံဖိုင်ယူရန် |
တဆက်တည်းမှာလည်း NLD အမျိုးသားအောင်ပွဲနေ့မှာ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က မြန်မာ နိုင်ငံမှာ စစ်ပွဲတွေ မပြတ်တွေ့ရှိရကြောင်းနဲ့၊ ဒီစစ်ပွဲတွေ ရှိနေသမျှ တိုင်းပြည်တိုးတက်မှာ မဟုတ်ကြောင်း၊ ဒါကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို မဖြစ်မနေ ဆောင်ရွက်ဖို့ လိုတဲ့ အကြောင်း ဟောပြောခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |