NLD ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ တိုးချဲ့ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ အဖွဲ့ဝင် ၁၃ ဦးအထိ တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။

၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး မိန့်ခွန်း ပြောကြားနေစဉ်။ (Photo: AFP)

NLD ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့မှာပါတဲ့ တချို့ရှေ့နေတွေဟာ နိုင်ငံရေး အမှုတွဲတွေကို လိုက်ပါဆောင်ရွက်ရင်း သူတို့ရဲ့ ရှေ့နေလိုင်စင်တွေ ရုတ်သိမ်းခံရသလို တချို့ရှေ့နေတွေ တခြား နိုင်ငံရေးပါတီကို ကူးပြောင်းသွားတာကြောင့် ပြန်လည် ဖွဲ့စည်းရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

NLD ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဦးတင်ဦး၊ ဒုဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းမြင့်၊ အထူး အကြံပေးအဖြစ် ဦးကြည်ဝင်းတို့ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ထဲမှာ တိုးချဲ့ အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။

NLD ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့အနေနဲ့ ရွှေဂုံတိုင်ရုံးမှာ သီးသန့် ရုံးခန်းတနေရာ ဖွင့်လှစ်ထားရှိပြီး ဥပဒေပါ အကျိုးခံစားခွင့် ဆုံးရှုံးနေသူတွေကို ဥပဒေကြောင်းအရ အခမဲ့ ကူညီသွားဖို့ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org