ရေရှားသည့် ရွာနှစ်ရွာကို NLD လူငယ်များ ရေစုပ်စက် လှူဒါန်း

NLD လူငယ်များ စုပေါင်း ဖွဲ့စည်းထားတဲ့ သွေးအကူအညီပေးရေး အဖွဲ့ဝင်တွေဟာ တိုက်ကြီးမြို့နယ်ရှိ သောက်သုံးရေ လိုအပ်တဲ့ ရွာနှစ်ရွာကို ဧပြီ ၂၀ ရက် ဒီကနေ့ လက်တွန်း ရေစုပ်စက်များ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

၂၀၁၀ ခုနှစ် နွေရာသီတွင် သောက်ရေ ပြတ်လပ်ပြီး ဒုက္ခရောက်နေသော ပြည်သူများအတွက် ရေလှူဒါန်းမည့်သူများ မေလ ၁၃ ရက်နေ့က ပဲခူးမြို့သို့ ထရပ်ကားဖြင့် ရောက်ရှိလာသည်ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA) (Photo: RFA)
ရေစုပ်စက် လှူဒါန်းပွဲ အခ်းအနားကို တိုက်ကြီးမြိုံနယ် ဥက္ကံနဲ့ ပန်းဆွဲရွာတွေ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီရွာတွော သောက်ရေသုံးရေအတွက် ၃ ဖာလုံ၊ ၄ ဖာလုံလောက် ဝေးတဲ့ ချောင်းမှာ သွားပြီး ခပ်ယူရတာ ဖြစ်ပါတယ်။ အခု လှူဒါန်းတဲ့ တသိန်းတန် လက်တွန်း ရေစုပ်စက်ကို အလှူရှင်အများစုရဲ့ အလှူဖြစ်တယ်လို့ NLD လူငယ် ကိုညီက ပြောပြပါတယ်။

“ကျွန်တော်တို့ BG သွေးအကူအညီပေးရေးကို အလှူရှင်များကနေပြီးတော့ အဆင်မပြေတဲ့ နေရာမှာ သူတို့ ရေလှူဒါန်းချင်တယ်၊ ကျွန်တော်တို့ကို လှမ်းပြောတဲ့အခါမှာ သူတို့ကနေပြီးတော့ တကယ်လိုအပ်တဲ့ နေရာကို လိုက်ရှာပြီးတော့ ဒေသခံ တိုက်ကြီး မြို့နယ်ရဲ့ ဥက္ကဋ္ဌတို့၊ မြို့နယ်စည်းတို့ ကျွန်တော်တို့ BG သွေးအကူအညီ ပေးရေးတို့ကနေပြီးတော့ လှမ်းပြီးတော့ ကျွန်တော်တို့ ဒီဖက်မှာ ဒီလိုပဲ ရှိတယ်၊ ရေတုံကင်တခု လိုတယ်လို့ ကျွန်တော်တို့ သိတဲ့အခါမှာ ကျွန်တော်တို့မှာ ရှိတဲ့ငွေနဲ့ ကျွန်တော်တို့က သွားပြီးတော့ ရေတုံကင် သွားလှူလိုက်တာ။ ဒီနေ့က ပြောမယ်ဆိုရင်တော့ ရေတုံကင် ဖွင့်ပွဲပေါ့၊ ဒီနေ့ကတော့။”

NLD လူငယ်တွေနဲ့ ဖွဲ့ စည်းထားတဲ့ BG သွေး အကုူအညီပေးရေး အဖွဲ့ဟာ ရန်ကုန်မြို့တွင်း သွေးလိုအပ်တဲ့ ဆေးရုံနဲ့ လူနာတွေအတွက်လည်း နေ့စဉ် သွေးများ လှူဒါန်းလျက် ရှိရာမှာ တပတ်ကို သွေးပုလင်း ၇၀ ခန့် လှူဒန်းနေတာ ဖြစ်ပါတယ်။

ခုလို BG အဖွဲ့မျိုး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်များမှာလည်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန် BG အဖွဲ့ကို ဦးဆောင် လှုပ်ရှားနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အာဏာပိုင်တွေက စစ်ဆေးစရာရှိလို့ ဆိုပြီး ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ခေါ်သွားခဲ့တာ ခုချိန်အထိ ဘာသတင်းမှ မကြားရသေးဘူးလို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org