တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေးရဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး ဥပဒေပါ အခွင့်အရေးတွေအတိုင်း ညီတူညီမျှ ခံစားခွင့်ရဖို့နဲ့ နိုင်ငံရေးမှာ တိုင်းရင်းသားအားလုံး ပါဝင်ခွင့်ရဖို့ အထူး အရေးကြီးကြောင်း ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
-
2011-02-12 -
-
-
ရန်ကုန်မြို့ NLD ဌာနချုပ်ရုံးတွင် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပသည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားစဉ်။ (Screen Shot from YouTube)
(Screen Shot from YouTube)
ရန်ကုန်မြို့က NLD ဌာနချုပ်ရုံးမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားရာမှာ ဒီကနေ့ အလိုအပ်ဆုံးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ညီညွတ်ဖို့ဖြစ်တယ်၊ အဲဒီလို ညီညွတ်ဖို့ဆိုရင် တရားဥပဒေ စိုးမိုးဖို့လိုတယ်၊ ဥပဒေပါ အခွင့်အရေးတွေကို တိုင်းရင်းသားအားလုံး တန်းတူရည်တူ ညီတူညီမျှ ခံစားခွင့် ရကြဖို့ အရေးကြီးတယ်၊ နိုင်ငံရေးဆောင်ရွက်တဲ့နေရာမှာလည်း တိုင်းရင်းသားအားလုံး ပါဝင်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမယ်၊ အဲလိုပါဝင်နိုင် အလုပ်လုပ်နိုင်ကြမှသာ စစ်မှန်တဲ့ တိုင်းရင်းသားညီညွတ်ရေး ရမယ်၊ အလုပ်လုပ်တဲ့ နေရာမှာလည်း မှန်ကန်တဲ့စေတနာနဲ့၊ ဇွဲသတ္တိ ရှိရှိနဲ့ အောင်မြင်ရမယ်ဆိုတဲ့ သံန္နိဋ္ဌာန်နဲ့ ကြိုးပမ်းမှသာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေးနဲ့ တကယ့် တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ရမှာဖြစ်တယ်လို့ ပြောသွားပါတယ်”
NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဆောင်ရွက်ပေးခဲ့တဲ့ ပင်လုံစိတ်ဓာတ်ကြောင့် မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံး လွတ်လပ်ရေး ရခဲ့တာလို့ ပြောပါတယ်။
NLD ရုံးချုပ်မှာ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပသလို ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ရှင်သန်ထက်မြက်ဖို့ အမျိုးသားရင်ကြားစေ့ရေး အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံရေးအရ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ကျင်းပဖို့နဲ့၊ သံဃာတော်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ အခမ်းအနားကို ဦးဝင်းတင်နဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံတကာ သံတမန်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေ တက်ရောက်ကြသလို ကျန်းမာရေးကြောင့် အချိန်အတန်ကြာ NLD ရုံးကို မလာနိုင်တဲ့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း ရောက်လာခဲ့ပါတယ်။
အခမ်းအနားမှာ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ဝတ္ထုတိုတွေ ပြသထားတဲ့ နံရံကပ် ပိုစတာပြပွဲကို မနက် (၈) နာရီက စပြီး ဖွင့်လှစ် ပြသခဲ့ပါတယ်။ ဒါ့အပြင် ကရင် ဒုံးယိမ်းအက၊ အိုးစည်အကတွေနဲ့ ဖျော်ဖြေပြီး နာမည်ကျော် တေးရေးဆရာနဲ့ အဆိုတော်တွေရဲ့ ပြည်ထောင်စုစိတ်ဓာတ် အခြေခံသီချင်းတွေလည်း သီဆိုခဲ့ကြပါတယ်။ အခမ်းအနားကို မနက် ၁၁ နာရီကနေ နေ့လည် ၃ နာရီအထိ ကျင်းပခဲ့ပြီး ညနေပိုင်းမှာ ပြည်ထောင်စုနေ့ ညစာစားပွဲကို NLD ရုံးမှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။