ပင်လုံစိတ်ဓာတ် ခိုင်မာဖို့ NLD တိုက်တွန်း

စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေးအတွက် ပင်လုံစိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီကနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြေညာချက်မှာ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓါတ် ရှင်သန်ဖို့ အမှန်တကယ်လိုအပ်နေတယ်လို့လည်းထောက်ပြထားပါတယ်။

ရွှေဂုံတိုင်ပါတီရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေးအတွက် သဘောထားကြီးဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ဖို့အတွက် တိုင်းရင်းသားအားလုံးနဲ့အတူ လက်တွဲလုပ်ဆောင် သွားမယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုနေ့အခမ်းအနားကို ပါတီဝင်တွေနဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org