NLD ပါတီ သောကြာနေ့ မှတ်ပုံတင်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို တရားဝင် မှတ်ပုံတင်ဖို့ လာမယ့် ဒီဇင်ဘာလ ၂၃ ရက်မှာ ပါတီ ခေါင်းဆောင် ၂ ဦး နေပြည်တော်ကို သွားမယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀ဝ၉ စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပစဉ် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ပိုစတာများဖြင့် အတူတွေ့ရသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP) AFP

ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ အဖွဲ့ဟာ သောကြာနေ့မှာ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားပြီး မှတ်ပုံတင်မယ်လို့ ကိုယ်တိုင် လိုက်ပါသွားမယ့် NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကို ပြောပါတယ်။

NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို လက်မခံနိုင်လို့ ၂၀၁၀ ပြည့်နှစ်မှာ ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ ငြင်းဆိုခဲ့ပြီးတဲ့နောက် တရားဝင် ပါတီအဖြစ်က ရပ်နားခဲ့ရပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ ဆွေးနွေးမှုတွေ အပြီး မြန်မာ အာဏာပိုင်တွေက ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ဆင်ပေးခဲ့ သလို ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ကိုလည်း ခွင့်ပြုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org