NLD ပါတီကို တရားဝင်ပါတီ ဖြစ်အောင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်မှာ ပြန်လည် မှတ်ပုံတင်ခဲ့ပြီး စည်းကမ်းချက်တွေနဲ့ ညီညွတ်တာကြောင့် အခုလို ပါတီမှတ်ပုံတင် ချပေးလိုက်တာလို့ ယုံကြည်ကြောင်း NLDပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကို ပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲတွေကို ဧပြီ ၁ ရက်မှာ ကျင်းပဖို့ မြန်မာ အစိုးရက ကြေညာထားပြီး လစ်လပ်နေတဲ့ ၄၈ နေရာလုံးမှာ NLD ပါတီက ဝင်ပြိုင်သွားမယ်လို့ သိရပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇန္နဝါရီ ၁၁ ရက်နဲ့ ၁၆ ရက်ကြား ထုတ်ပြန်သွားမယ်လို့ ဒီကနေ့ ကျင်းပတဲ့ NLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
NLD ပါတီကို တရားဝင်ပါတီ အဖြစ် မှတ်ပုံတင် ချပေးလိုက်တာနဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။