NLD ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပမည်
လာမယ့်ဖေဖေါ်ဝါရီလ နောက်ဆုံးပတ် အတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပသွားမယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြုပြောပါတယ်။
-
2013-01-07 -
-
-
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပါတီဌာနချုပ်ရုံးတွင် တွေ့ရသည့် NLD အဖွဲ့ဝင်များ။
AFP
အဲဒီညီလာခံကို တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် စုစုပေါင်း ၁၃ဝဝလောက် တက်ရောက်ကြမယ်လို့ ခန့်မှန်းထားပြီး၊ ညီလာခံကနေ လာမယ့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ဆွေးနွေးသွားမယ်လို့လည်း သိရှိရပါတယ်။
လတ်တလောမှာတော့ ညီလာခံကျင်းပဖို့အတွက် ဆွေးနွေးနေဆဲဖြစ်တာကြောင့် ညီလာခံကျင်းပမယ့် နေရာအတိအကျနဲ့ ရက်ကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၄၂အနိုင်ရခဲ့ပါတယ်။