အသိမ်းခံလယ်ယာမြေ များ ပြန်ရရေး NLD ကို အကူအညီ တောင်းမည်

ရှမ်းပြည်နယ်တစ်ခုလုံးမှာ သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေ မူလပိုင် ရှင်တွေဆီ ပြန်ရောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်သူလယ်သမားရေးရာ ကော်မတီကို တင်ပြသွားမယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေက ပြောပါတယ်။

တောင်သူလယ်သမားတချို့ ကောက်စိုက်နေကြစဉ် Photo: Min Thein Aung/RFA

ရှမ်းပြည်နယ်တစ်ခုလုံးမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ မူလပိုင်ရှင်တွေဆီ ပြန်ရောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်သူ လယ်သမားရေးရာ ကော်မတီကို တင်ပြသွားမယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက ပြောပါတယ်။

တောင်ကြီးမြို့ နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း အောက်မေ့ဖွယ် ဓမ္မာရုံမှာ လယ်မြေ သိမ်းဆည်းခံထားရတဲ့ တောင်သူတွေနဲ့ NLD ပါတီဝင်တို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး က ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ရတဲ့အချက်အလက်တွေအားလုံးကို NLD ကိုပို့မယ်လေ၊ NLD ဗဟိုကလည်း တောင်းထားတယ်၊ နောက်ပြည်ထောင်စုအစိုးရပေါ့၊ နောက်တက် လာမယ့်အစိုးရကိုလဲ ထပ်တင်ပြမယ်ပေါ့နော်၊ စုစုပေါင်း ဧက ခြောက်သောင်း လောက်ရှိတယ်၊ လာမယ့်အစိုးရက တောင်သူတွေကို ထိထိရောက်ရောက် ကူညီပြီး လယ်ယာမြေ ပြန်ရအောင်လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းကစပြီး ရှမ်းပြည်တစ်ပြည်လုံးမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧကပေါင်း ခြောက်သောင်းကျော်ရှိပြီး အဲဒီထဲက တစ်ဝက်နီးပါး ဟာ တပ်မတော်က သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရသစ်ဖွဲ့စည်းပြီးရင် တစ်ပြည်လုံးမှာ သိမ်းဆည်းခံထားရတဲ့ ဧကသိန်းနဲ့ ချီတဲ့ လယ်ယာမြေတွေကို မူလ ပိုင်ရှင်တွေ ပြန်လည်ရရှိအောင် လုပ်ပေးသွားမယ်လို့ NLD တောင်သူလယ်သမားရေးရာ ကော်မတီက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကို တောင်ကြီး၊ ဟိုပုန်း၊ တာချီလိတ်၊ လွိုင်လင်၊ ညောင်ရွှေ၊ ကွတ်ခိုင်၊ ရပ်စောက် စတဲ့ ဒေသတွေက တောင်သူတွေ တက်ရောက် ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org