အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ မတ်လထဲ ကျင်းပမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့် မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့မှာ သုံးရက်ကြာ ကျင်းပမယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။
-
2013-02-11 -
-
-
ပထမဆုံးအကြိမ် ကျင်းပမယ့် ဒီညီလာခံမှာ နိုင်ငံတကာက နိုင်ငံရေးပါတီတွေနဲ့ မီဒီယာအဖွဲ့အစည်း အသီးသီးကိုလည်း ဖိတ်ခေါ်မယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသတွေက ညီလာခံတက်မယ့် ပါတီကိုယ်စားလှယ်ပေါင်း ၁၂၀၀ ကနေ ၁၅၀၀ ကြားမှာ ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
တတ်ရောက်မယ့် ပါတီကိုယ်စားလှယ်တွေဟာ မတ်လ ၇ ရက်မှာ အပြီးသတ် ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ကို သတင်းပို့ရမှာဖြစ်ပြီး ရပ်ကျေးနဲ့ မြို့နယ်အဆင့်၊ ပြည်နယ်နဲ့ တိုင်းအဆင့်က ညီလာခံကိုယ်စားလှယ်တွေဟာ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။