မဲ ဘယ်လိုပေးမလဲ စာအုပ် အန်အယ်လ်ဒီကိုလှူ

တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက မိမိပြုစုတဲ့ “လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ” အမည်ရှိ စာအုပ် နှစ်ထောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီကနေ့ လှူဒါန်းကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်မှာကျင်းပတဲ့ လှူဒါန်းပွဲမှာ ဦးကိုနီနဲ့ဇနီးလှူဒါန်းတဲ့ စာအုပ်တွေကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားပါတယ်။ အဲဒီအခမ်းအနားကို အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းလည်း တက်ရောက်တယ်လို့ သိရပါတယ်။

မူလက အခမ်းအနားကို သီးခြားပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဒီကနေ့ ရုံးချုပ်မှာ အစည်းအဝေးတွေ ဆက်တိုက်လိုလို ရှိနေတာကြောင့် အကျဉ်းရုံး ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ မဲမညစ်နိုင်အောင် မဲဘယ်လိုပေးရမလဲဆိုတာ ပြည်သူတွေ သိစေချင်လို့ စာအုပ်ရေးသား ပြုစုရကြောင်း၊ တကယ်လိုအပ်တဲ့နေရာ ရောက်စေချင်တဲ့အတွက် စာရေးဆရာ မောင်ဝံသနဲ့တိုင်ပင်ပြီး အန်အယ်လ်ဒီကို လှူဒါန်းရကြောင်း ဦးကိုနီက ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ” စာအုပ်ကို တစ်အုပ် ကျပ် ၃၀၀ နဲ့ ပြည်သူ့ခေတ် ဂျာနယ်တိုက်က ထုတ်ဝေဖြန့်ချိတာပါ။

ဒီစာအုပ်နဲ့ပတ်သက်ပြီး စာရေးသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org