နိုင်ငံပိုင်သတင်းစာ ရောင်းချမှု ကနေ အမြတ်ဝင်ငွေ ကျပ်သန်း ၅ ထောင်ကျော်ရရှိ

မြန်မာ့အလင်း၊ ကြေးမုံစတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ နေ့စဉ်ထုတ် အစိုးရသတင်းစာတွေကနေ ဒီနှစ်အတွင်း အသားတင် အမြတ်ငွေ ကျပ်သန်းပေါင်း ၅ ထောင်ကျော် ရရှိခဲ့တယ် လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ဒီကနေ့ ပြောပါတယ်။

သတင်းစာများကိုစီနေတဲ့ အရောင်းသမားတစ်ဦးကို တွေ့ရစဉ် (Photo: AFP)

မြန်မာ့အလင်း၊ ကြေးမုံစတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ နေ့စဉ်ထုတ် အစိုးရသတင်းစာတွေ ကနေ ဒီနှစ်အတွင်း အသားတင်အမြတ်ငွေ ကျပ်သန်းပေါင်း ၅ ထောင်ကျော် ရရှိခဲ့တယ် လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ဒီကနေ့ ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနအလိုက် ရသုံးငွေစာရင်း တင်ပြရှင်းလင်းရာမှာ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေးက အခုလို ထည့်သွင်းပြောခဲ့တာပါ။

"သတင်းစာ ထုတ်လုပ်ခြင်းလုပ်ငန်းမှာ ကျနော်တို့ အရှုံးခံပြီးတော့မှ ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေကို မီဒီယာများမှာ ဖော်ပြနေပါတယ်၊ တကယ်တော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီး ဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ထုတ်ဝေ တဲ့ သတင်းစာများဟာ ပြည်သူလူထုအတွက် သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်စုံသတင်းစာများအဖြစ် ထုတ်လုပ်တာဖြစ်ပါတယ်"

ပြန်ကြားရေးဝန်ကြီးဋ္ဌာနအောက်မှာရှိတဲ့ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းဟာ ဒီနှစ်၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ၁၁ လအတွင်း စုစုပေါင်း ကျပ်သန်းပေါင်း ၁ သောင်း ၇ ထောင်ကျော် ဝင်ငွေရရှိခဲ့ပြီး ကျပ်သန်းပေါင်း ၁ သောင်း၂ ထောင်ကျော် ပြန်လည်သုံးစွဲခဲ့တယ်လို့လည်း တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် လွဲပြောင်းနိုင်ဖို့အတွက် အစိုးရဝန်ကြီးဋ္ဌာန ၁၄ ခုရဲ့ ရသုံးငွေစာရင်းကို ဒီကနေ့ လွှတ်တော်မှာ လာရောက်ရှင်းပြခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org