သမ္မတပေးပို့တဲ့ မွန်ဝန်ကြီးချုပ် အမည် ပြည်နယ်လွှတ်တော်ထံ မနက်ဖြန် တင်သွင်းမည်

လစ်လပ်နေတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်နေ ရာမှာ အစားထိုးခန့်အပ်မယ့် ပြည်နယ် ဝန်ကြီးချုပ်ကို မနက်ဖြန်ကျင်းပမယ့် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုခန့်အပ်သွားမယ် လို့ ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ က ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ ကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

လစ်လပ်နေတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာမှာ အစားထိုးခန့်အပ်မယ့် ပြည်နယ်ဝန်ကြီးချုပ်ကို မနက်ဖြန်ကျင်းပ မယ့် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုခန့်အပ်သွားမယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ က ပြောပါတယ်။


နိုင်ငံတော်သမ္မတက အဆိုပြုတဲ့ ဝန်ကြီးချုပ်အမည်စာရင်းကို မနေ့က ပေးပို့ထားတာကြောင့် မနက်ဖြန်မှာ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကန့်ကွက်သူမရှိရင် အဆိုပြုခံရသူက ကျမ်းကျိန်မှာဖြစ်တယ်လို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ က ပြောပါတယ်။

"သမ္မတရုံးကပေးပို့လာတဲ့ အမည်စာရင်းကို အန်တီတို့မနက်ဖြန်လွှတ်တော်မှာချပြမယ်၊ ကိုယ်စားလှယ်တွေဆွေးနွေးမယ်၊ ဆွေးနွေးပြီးရင် အတည်ပြုပြီးရင် ကတိသစ္စာဆိုရမယ်၊ ပြီးလို့ရှိရင် ဝန်ကြီးချုပ်ရာထူးနဲ့ အလုပ်လုပ်ရမယ်"


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်ရာထူးအပြင် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီးတွေကပါ နှုတ်ထွက်ခွင့်ပြုဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့က စာတင်ခဲ့ရာ နိုင်ငံတော်သမ္မတက ၂၃ ရက်နေ့မှာ နှုတ်ထွက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်နေရာအတွက် ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို အဆိုပြု ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

ဝန်ကြီးချုပ်နေရာအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထဲက ရွေးချယ်မှာဖြစ်တဲ့အတွက် အစိုးရနဲ့ လွှတ်တော်ပူးပေါင်းဆောင်ရွက်နိုင်မှု ပိုမိုအားကောင်းလာနိုင်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org