ဒဂုံမြို့သစ်မှာ တောင်သူ ၃ဝဝ ကျော် ဆန္ဒပြ
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ပင်ကျေးရွာမှာ ရာနဲ့ချီတဲ့ ဒေသခံတောင် သူတွေဟာ လယ်ယာမြေ သိမ်းဆည်းခံရ မှုကြောင့် လယ်ယာမြေလျော်ကြေး ပြန်လည်ရရှိဖို့ ဒီကနေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
-
2013-06-28 -
-
-
Your browser doesn’t support HTML5 audio
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ပင်ကျေးရွာမှာ ရာနဲ့ချီတဲ့ ဒေသခံတောင်သူတွေဟာ လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် လယ်ယာမြေလျော်ကြေး ပြန် လည်ရရှိဖို့ ဒီကနေ့မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြ ပါတယ်။
အဲ့ဒီမြို့နယ်ထဲက စစ်ပင်၊ ထောင်တလုပ်၊ ရွာသာကြီး၊ သုံးခွစတဲ့ ကျေးရွာတွေက တောင်သူ ၃ဝဝ ကျော်လောက်ဟာ စစ်ပင်ကျေးရွာ ဘုရားလမ်းကနေ မင်းရဲကျော်စွာလမ်းတလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး သူတို့ရဲ့ လယ်ယာမြေတွေကို သိမ်းယူထားတဲ့ ကုမ္ပဏီရုံးခန်းတွေဆီကိုလည်း ထပ်မံလမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
ဒေသခံတောင်သူတွေအနေနဲ့ အခုလို ဆန္ဒဖော်ထုတ် ရတာနဲ့ ပတ်သက်ပြီး ထောင်တလုပ်ကျေးရွာ မှာနေတဲ့ တောင်သူ ကိုတင်ဝင်းက RFA ကို ပြော ပါတယ်။
"ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက်ကတေ့ာ ကျနော်တို့လယ်သမားတွေ ဆုံးရှုံးခဲ့တဲ့ ဒီလယ်ယာမြေအပေါ် မှာပေါ့နော်၊ စုံစမ်းရေးကော်မရှင်နဲ့ လယ်သမားတွေ တွေ့ထားတယ်၊ အဲဒီအချိန်မှာ ကျနော်တို့က နစ်နာတဲ့လျော်ကြေး တောင်းထားတယ်၊ အဲဒါကုမ္ပဏီ ၅ ခုရှိတယ်၊ အမည်ပေါက်ကတော့ ၄ ခုပေါ့၊ သူတို့ကလာရောက်ပြီးတော့ ဆွေေးနွးခြင်းမရှိဘူး၊ အခြားကုမ္ပဏီတွေက ဆွေးနွေးတာတို့ လျော်ကြေးပေး တာတို့ ကြားသိရတယ်၊ ကျနော်တို့ဘက်မှာတော့ အဲလိုမရှိတဲ့အတွက် ဆန္ဒပြရတာပါ"
ဆန္ဒပြတောင်သူတွေရဲ့ လယ်မြေဧက ၂၇ဝဝ ကျော်ကို ဒဂုံအင်တာနေရှင်နယ်၊ ယုဇန၊ မြင့်ဇေယျာ၊ ဆင်းရွှေလီစတဲ့ ကုမ္ပဏီတွေက အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် အကောင်ထည်ဖော်မယ်ဆိုပြီး ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနစ်က သိမ်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။
အလားတူ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းစတဲ့ မြို့နယ်တွေမှာလည်း ဧဒင်၊ မက်စ်မြန်မာ၊ ဒဂုံအင်တာနေရှင်နယ်၊ ရွှေနဂါးမင်း၊ ဆင်းရွှေလီ၊ ယုဇန၊ မြင့်ဇေယျာစတဲ့ ကုမ္ပဏီတွေအပါဝင် ကုမ္ပဏီ ၁၆ ခုက ဧကသောင်းနဲ့ချီတဲ့ လယ်မြေတွေကို သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီ ကုမ္ပဏီ ၁၆ ခုထဲက မက်စ်မြန်မာ ကုမ္ပဏီ တစ်ခုတည်းကသာ လယ်တစ်ဧကကို ၂၈ သိန်းနှုန်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်သူတွေကို ပြန်လည်လျော်ကြေးပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။