ကွယ်လွန်သူ မန်ဒဲလားကို မဟာလူသားအဖြစ် ဒေါ်အောင် ဆန်းစုကြည် တင်စားပြောဆို
တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား Nelson Mandela ဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ တခြားသူတွေကို စေ့ဆော်ပေး တဲ့ မဟာလူသား တစ်ဦးပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြော ကြားလိုက်ပါတယ်။ အသက် (၉၅) နှစ်ရွယ် မစ္စတာ မန်ဒဲလား မနေ့က ကွယ်လွန်သွားတဲ့အတွက် ကြေ ကွဲဝမ်းနည်းလှပါတယ်လို့လည်း ပြောကြားပါတယ်။
-
2013-12-06 -
-
-
Your browser doesn’t support HTML5 audio
တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား Nelson Mandela ဟာ ကမ္ဘာကြီးကိုပြောင်း လဲဖို့ တခြားသူတွေကို စေ့ဆော်ပေးတဲ့ မဟာလူသား တစ်ဦးပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။ အသက် (၉၅) နှစ်ရွယ် မစ္စတာမန်ဒဲလား မနေ့က ကွယ်လွန်သွားတဲ့အတွက် ကြေကွဲဝမ်းနည်း လှပါတယ်လို့လည်း ပြောကြားပါတယ်။
ဒီကမ္ဘာကြီးမှာ သာတူညီမျှရှိရေးနဲ့ လူ့အခွင့်အရေး အတွက် ရပ်တည်သွားခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွား တာကို အထူးကြေကွဲွဝမ်းနည်းရကြောင်း ပြောကြား လိုပါတယ်။ သူမွေးဖွားလာခဲ့တဲ့ အခြေအနေအရ၊ သူ့အရေပြားပေါ်က အသားအရောင်အရ၊ ဘယ်သူမှ အပြစ်ပေးဖို့မသင့်ဘူးဆိုတာ ကျမတို့အားလုံး နားလည်သဘောပေါက်အောင် မန်ဒဲလားက လုပ်ဆောင်ခဲ့ပါတယ်။ ရပ်တည်ချက်တွေ အသိအမြင်တွေ ပြောင်းလဲတာနဲ့ ကမ္ဘာကြီးကို ကျမတို့ ပြောင်းလဲနိုင်တယ်ဆိုတာ နားလည်သဘောပေါက်အောင်လည်း သူကလုပ်ဆောင်ခဲ့တာပါ။ ဒီအကြောင်းကြောင့်ပဲ လူသားတွေရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးတဲ့ မဟာလူသားအဖြစ် မစ္စတာမန်ဒဲလားကို ဂုဏ်ပြုလိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
နယ်လ်ဆင်မန်ဒဲလားဟာ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု သူရဲကောင်းဖြစ်ပြီး ၂၀ ရာစု နိုင်ငံရေးမှာ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေကို ဆန့်ကျင်တိုက်ပွဲဝင်မှုနဲ့ နယ်လ်ဆင်မင်ဒဲလားရော ဒေါ်အောင်ဆန်းစုကြည်ပါ နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အတွက် နိုင်ငံတကာက သူတို့နှစ်ဦးကို လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူတွေအဖြစ် အသိအမှတ်ပြုထားပါတယ်။
တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်သွားတဲ့အပေါ် ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေကို RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။