အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အမတ်အချို့ ခွဲထွက်
ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုအဖွဲ့(NDF) နဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့ ဦးဆောင်တဲ့ (NDF) တို့ လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြန်လည် ပူးပေါင်းမယ်လို့ ဦးသိန်းညွန့်က ပြောဆိုလိုက်ပါတယ်.
-
2011-04-05 -
-
-
Your browser doesn’t support HTML5 audio
သူ့ကို အစိုးရက NDF ကိုယ်စားလှယ်လို့ အသိအမှတ်ပြုထားတဲ့အတွက် NDF ကို ဆက်လက် ဦးဆောင်မယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
“သင်္ဃန်းကျွန်း NDF ရဲဘော်တွေရဲ့ တောင်းဆိုချက်အရကော၊ နောက် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆန္ဒအရရော၊ ကျွန်တော်က NDF ကို ဒုတိယခေါင်းဆောင်အဖြစ် ဒီ ကော်မရှင်က ခန့်အပ်ထားတဲ့ တာဝန်ကို ကျွန်တော် ဆက်ယူမယ်။ ဒါပေမဲ့ ကျွန်တော်က ဒီ ဆွေ-ငြိမ်းဂိုဏ်းနဲ့ ကျွန်တော်တို့ သင်္ဃန်းကျွန်း ကျွန်တော်တို့ အဖွဲ့ဝင်အားလုံးက ဆွေ-ငြိမ်းဂိုဏ်းကို အဆက်ဖြတ်လိုက်ပြီ။ တခြား NDF တပြည်လုံးက အဖွဲ့ဝင်တွေက ကျွန်တော်တို့နဲ့ လာပြီးတော့ ပူးပေါင်းမယ်ဆိုရင်လည်း ကျွန်တော်တို့ ကြိုဆိုတယ်။ ကျွန်တော်တို့ကတော့ စည်းရုံးရေးအရကော ပုဂ္ဂိုလ်ရေးအရကော သူတို့နဲ့ လက်တွဲစရာ အကြောင်းမရှိတော့ဘူး။ ကျွန်တော်တို့က နှစ်ခြမ်းခွဲပစ်လိုက်တာပါ၊ နုတ်ထွက်သွားတာ မဟုတ်ပါဘူး။”
သူတို့ NDFအဖွဲ့ကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းညွန့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၊ ဒေါ်စန်းစန်းမြင့်နဲ့ ဦးဝင်းဖေ၊ ဦးကြည်မြင့်တို့ ပူးပေါင်းပြီး ဆောင်ရွက်ကြမယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့်က ပြည်ပနိုင်ငံများမှ အထောက်အပံ့ ရယူခဲ့တဲ့ အဖွဲ့အစည်းတွေဆီက အကူအညီ ငွေကြေးများ လက်ခံခဲ့ပေမယ့်၊ မိမိတို့အနေနှင့် မည်သူ့ အကူအညီမျှ ယူမည်မဟုတ်ပဲ နိုင်ငံရေး ဆက်လုပ်သွားမယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
အခုလို NDF ပါတီမှာ အဖွဲ့တွေ ကွဲသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးသိန်းညွန့်နဲ့ RFA မှ ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
ဦးသိန်းညွန့်နှင့် ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |
အခုလို အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ နှစ်ခြမ်းကွဲသွားပြီလို့ ဦးသိန်းညွန့်က ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး NDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကိုလည်း ဦးခင်မောင်စိုးက ဆက်လက်ပြီး မေးမြန်းခဲ့ပါတယ်။
ဦးခင်မောင်ဆွေ့နှင့် ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |