နေပြည်တော်က ပြည်သူ့စစ်အဖွဲ့တွေကို စစ်သင်တန်းပေးနေကြောင်း ဒေသခံတွေပြော
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က မြို့နယ်တချို့မှာ စစ်ကောင်စီကို ထောက်ခံသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းထားပြီး အခုရက်ပိုင်းမှာ စစ်သင်တန်းပေးတာတွေ ရှိတယ်လို့ နေပြည်တော်မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
- 2022-09-13
-
-
-
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က မြို့နယ်တချို့မှာ စစ်ကောင်စီကို ထောက်ခံသူတွေ နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းထားပြီး အခုရက်ပိုင်းမှာ စစ်သင်တန်းပေးတာတွေ ရှိတယ် လို့ နေပြည်တော်မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
စစ်မှုထမ်းဟောင်းတွေ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်ကောင်စီကို ထောက် ခံအားပေးတဲ့သူတွေနဲ့ ပြီးခဲ့တဲ့ မေလလောက်ကစလို့ မြို့နယ်တချို့က ရွာတွေမှာ ပြည်သူ့ စစ်အဖွဲ့တွေ ဖွဲ့စည်းထားပြီး လက်ရှိ စစ်သင်တန်းတွေ ပေးနေတာလို့ နေပြည်တော် ပျဉ်းမနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်သူ့စစ်တွေက ဖွဲ့တာကြာပြီ အရင်ကတည်းကဖွဲ့တာ။ အခုဟာက သင်တန်းတွေ ပေးနေတာ။ ရွာတွေဘက်က စစ်ကောင်စီကို ထောက်ခံတဲ့ အမာခံတွေပါတယ်။ အခုက ရွာတွေဘက်မှာလုပ်တယ်။ လယ်ဝေးဘက်၊ ပျဉ်းမနားနဲ့ ပုဗ္ဗဘက်တွေမှာ လုပ်နေကြ တာ”
နေပြည်တော်လိုနေရာမျိုးမှာ ပြည်သူ့စစ်တွေဖွဲ့စည်းပြီး စစ်သင်တန်းတွေးပေးနေတယ် ဆိုတာနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေး စနစ်ကို ထူထောင်နေပြီး စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စတင်အကောင်အထည်ဖော်နေ တယ်လို့ အရင်က ပြောဆိုဖူးပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာတော့ လက်နက် တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ရွာတွေကို ဝင်ရောက်စီးနင်းတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။