KNU ဒုတိယဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်ဟာ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ထိုင်းနိုင်ငံက ဆေးရုံတစ်ခုမှာ ကွယ်လွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီးက RFA ကိုပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်ဟာ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ထိုင်းနိုင်ငံက ဆေးရုံတစ်ခုမှာ ကွယ်လွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီးက RFA ကိုပြောပါတယ်။

"ဒီနေ့ မွန်းလွဲ ၂ နာရီမှာ ဆုံးသွားပါပြီ။ ထိုင်းက ဆေးရုံမှာပဲ။ သူက နာတာရှည်ရော၊ ကင်ဆာရောဂါ ဖြစ်နေတာလည်း ကြာပြီ။ ဆေးကုသမှု ခံယူနေရတယ်။ ၂၀၂၃ ခုနှစ်ကတည်းက ကင်ဆာရောဂါကို ခံစားနေရတာ"

နော်စီဖိုးရာစိန်ဟာ နာတာရှည် ကင်ဆာရောဂါကို ခံစားနေရတာကြောင့် မကြာခဏ ဆေးကုသမှု ခံယူနေရပြီး ဒီရောဂါကြောင့်ပဲ သေဆုံးသွားခဲ့တာလို့ ပဒိုစောတောနီးက ပြောပါတယ်။

နော်စီဖိုးရာစိန်ရဲ့ နာရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မသိရသေးဘူးလို့ သူကပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌနဲ့ ကရင်လူမျိုး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ နော်စီဖိုးရာစိန်ဟာ ၁၉၅၅ ခုနှစ်က ကရင်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ကရင်အမျိုးသမီးဒုက္ခသည်အရေး ဆောင်ရွက်ပေးတဲ့ ကရင်အမျိုးသမီးအစည်းအရုံးမှာလည်း အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org