ဘိန်းရာဇာ နော်ခမ်းနဲ့ အပေါင်းပါ ၃ ဦး တရုတ်ပြည်မှာ မနက်ဖြန် ကွပ်မျက်မည်

တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ဘိန်းရာဇာ ရှမ်းတိုင်းရင်းသား နော်ခမ်းနဲ့ အပေါင်းပါ ၃ ဦးကို မနက်ဖြန် မတ်လ ၁ ရက်နေ့မှာ ဆေးထိုး ကွပ်မျက်ဖို့ ကူမင်းလူထုတရားရုံးက အမိန့် ချမှတ်လိုက် ပါတယ်။

တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ဘိန်းရာဇာ ရှမ်းတိုင်းရင်းသား နော်ခမ်းနဲ့ အပေါင်းပါ ၃ ဦးကို မနက်ဖြန် မတ်လ ၁ ရက်နေ့မှာ ဆေးထိုးကွပ်မျက်ဖို့ ကူမင်းလူထုတရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

သူတို့တွေကို မိသားစုတွေနဲ့ တွေ့ဆုံခွင့်ပေးထားသလို ကူမင်းမြို့က ထိုင်း-မြန်မာ ကောင်စစ်ဝန်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးထားကြောင်း တရုတ်အစိုးရသတင်းမှာ ရေးသားထားပါတယ်။

သူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းနဲ့ ပစ္စည်းတွေကို ဆွေမျိုးတွေနဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးကို ပေးပို့သွားမယ်လို့လဲ ဆိုပါတယ်။

ဘိန်းရာဇာ နော်ခမ်းနဲ့ အပေါင်းပါတွေကို ၂၀၁၁ ခုနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခဲ့ပြီး ၂၀၁၂ နိုဝင်ဘာလမှာ သေဒဏ်အပြစ် ချမှတ်ခဲ့ပါတယ်။

စိုင်းနော်ခမ်းဟာ  ထိုင်းအစိုးရက  ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ မူးယစ်ရာဇာတစ်ဦးလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org