မဘသကို ရေဒီယိုဌာန ထူထောင်ပေးလိုကြောင်း ထိုင်း ဗုဒ္ဓဘာသာအဖွဲ့ ပြောဆို
မြန်မာနိုင်ငံက မဘသ ခေါ် အမျိုးသာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အတွက် ဘာသာရေးဆိုင်ရာ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာနတွေ ထူထောင်ပေးဖို့ ကူညီလိုကြောင်း ထိုင်း ဗုဒ္ဓ ဘာသာအဖွဲ့တစ်ဖွဲ့က ကမ်းလှမ်းခဲ့တယ်လို့ AFP သတင်း က ဖော်ပြပါတယ်။
-
2015-06-25 -
-
-
မြန်မာနိုင်ငံက မဘသ ခေါ် အမျိုးသာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အတွက် ဘာသာရေးဆိုင် ရာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနတွေ ထူထောင်ပေးဖို့ ကူညီလိုကြောင်း ထိုင်း ဗုဒ္ဓဘာသာအဖွဲ့တစ်ဖွဲ့က ကမ်းလှမ်း ခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
ရန်ကုန်မြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ မဘသ အစည်းအဝေးပွဲကို တက်ရောက်လာခဲ့တဲ့ ထိုင်း အမျိုးသား ဗုဒ္ဓ ဘာသာနဲ့ ယဉ်ကျေးမှုဆိုင်ရာ လူထုသတင်းမီဒီယာ အသင်းရဲ့ ဒု ဥက္ကဌ ဝတ်တီဆန်း ပနာရီက မဘသရဲ့ သတင်းတွေ တိုင်းပြည်အနှံ့ ရောက်ရှိအောင် ရေဒီယိုနဲ့ ရုပ်သံလွှင့်ဌာနတွေ ထူထောင်ပေးလိုကြောင်း၊ ရေဒီယို ဌာနအတွက် ထိုင်းဘတ်ငွေ တစ်သန်းခွဲ ၊ အမေရိကန်ဒေါ်လာ လေးသောင်းခွဲနီးပါး တန်ဖိုးရှိတဲ့ အသံလွှင့်ဆိုင်ရာ ပစ္စည်းကရိယာတွေ လှူဒါန်းလိုကြောင်း၊ ထိုင်းမှာဆိုရင် ဗုဒ္ဓဘာသာတရားတွေ ဟောကြားရာမှာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဟာ အလွန်ထိရောက် ကြောင်းပြောကြားခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
မဘသ အစည်းအဝေးပွဲကို ထိုင်းဗုဒ္ဓဘာသာဝင် တစ်ဒါဇင်ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တက်ရောက်သူတစ်ဦးဖြစ်တဲ့ ဘန်ကောက်အခြေစိုက် ဗုဒ္ဓဘာသာလူငယ်အဖွဲ့ ဥက္ကဌ ပွန်ချိုင်းက သူ့အနေနဲ့ ဒီအစည်းအဝေးကို အဖွဲ့ကိုယ်စားပြုမဟုတ်ဘဲ ပုဂ္ဂလိကအနေနဲ့ လာတက်ခဲ့တာဖြစ်ကြောင်း၊ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ လုံးအတွက် အစ္စလာမ် ပြဿနာရှိနေပြီး၊ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံက ရခိုင်ပြည် နယ်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းလိုပဲ တူညီတဲ့ ပြဿနာတွေ ရှိနေကြောင်း AFP သတင်းကို ပြောဆိုခဲ့ပါတယ်။
မဘသ အနေနဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနတွေ ထူထောင်ဖို့ အစီအစဉ်ရှိမရှိနဲ့ရှိခဲ့ရင် အစိုးရဆီက ခွင့်ပြုချက် ရနိုင်၊ မရနိုင် မသိရသေးပါဘူး။
လေ့လာသူတွေကတော့ အာဖရိကတိုက်၊ ရဝမ်ဒါနိုင်ငံက လူမျိုးစုနှစ်ခုကြား လူမျိုးတုံးလူသတ်ပွဲမှာ ရဝမ်ဒါ ရေဒီယို လို့ နာမည်ဆိုးတဲ့ ကျော်ကြားခဲ့တဲ့ ရေဒီယိုကနေ အမုန်းစကားတွေထုတ်လွှင့်ပြီး၊ လူသတ်ပွဲအတွက် အမိန့်ပေးနေ တဲ့အခြေအနေမျိုး ဆိုက်ရောက်သွားမှာ စိုးရိမ်နေကြပါတယ်။
ထိုင်း ဗုဒ္ဓဘာသာလူငယ်အဖွဲ့ ဥက္ကဌ ပွန်ချိုင်းကတော့ မြန်မာဗုဒ္ဓဘာသာရဟန်းတွေအနေနဲ့ မွတ်စလင်တွေကို သတ်ဖြတ်၊ ဗလီတွေကိုဖျက်ဆီးဖို့ ဘယ်သူ့ကိုမှ အားပေးအားမြှောက် လုပ်နေတာမဟုတ်ဘဲ အနာဂတ် မျိုးဆက်အတွက် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက် နေတာသာဖြစ်ကြောင်း ပြောဆိုတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။