အပစ်ခတ်ရပ်ရေး ဆွေးနွေး ပွဲ နောက်တစ်ရက် ထပ်တိုး

တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေး ပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့အတွက် မနက်ဖြန် တစ်ရက်ထပ်တိုးလိုက်ကြောင်း ဆွေးနွေး ပွဲအပြီး ကျင်းပတဲ့ ဒီနေ့ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြော ကြားလိုက်ကြပါတယ်။

ရန်ကုန်မြို့ MPC မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဧပြီလ ၆ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း စာချုပ်ရေးဆွဲရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်

တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့အတွက် မနက်ဖြန် တစ်ရက် ထပ်တိုးလိုက်ကြောင်း ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြားလိုက်ကြပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကစပြီး ကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဒုတိယနေ့အပြီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုယ်စားပြုတဲ့ NCCT အဖွဲ့ကိုယ်စား လှယ် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး  ပဒိုစောကွယ်ထူးဝင်းက အခုလို ရှင်းပြခဲ့ပါတယ်။

"အခြေခံမူအပေါ် မူတည်ပြီးတော့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ရှေ့ဆက်ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ကျနော်တို့ မနက်ဖြန်ဆက်ပြီးတော့ ဆွေးနွေးသွားမယ်လို့ ဆုံးဖြတ်ထားတယ်"

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်သဘောတူ လက်ခံနိုင်မယ့် မူကြမ်းရရှိဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ မူကြမ်းမရသေးပေမယ့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဟာ လိုအပ်ချက်ဖြစ်ကြောင်း၊ အဲဒီကနေ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဖြစ်လာအောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ဦးလှမောင်ရွှေကို ဒေါ်ခင်ခင်အိက မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org