ကိုရီးယား အထည်လုပ်ငန်းတခု မြန်မာပြည်မှာ စက်ရုံဖွင့်မည်

တောင်ကိုရီးယားအခြေစိုက် အဝတ်အထည်ထုတ်လုပ်တဲ့ ဟန်ဆေးကုမ္ပဏီက မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ နောက်တခု ထပ်မံတည်ဆောက်မယ်လို့ Yonhap သတင်းက ဖေါ်ပြပါတယ်။

တောင်ကိုရီးယားအခြေစိုက် အဝတ်အထည်ထုတ်လုပ်တဲ့ ဟန်ဆေးကုမ္ပဏီ .

တောင်ကိုရီးယားအခြေစိုက် အဝတ်အထည်ထုတ်လုပ်တဲ့ ဟန်ဆေးကုမ္ပဏီက မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ နောက်တခု ထပ်မံတည်ဆောက်မယ်လို့ Yonhap သတင်းက ဖေါ်ပြပါတယ်။

Nike, Gap စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် အဝတ်အထည်တွေ ချုပ်လုပ်ပေးနေတဲ့တဲ့ အဲဒီ ဟန်ဆေးကုမ္ပဏီက မြန်မာနိုင်ငံမှာ အတည်ချုပ်စက်ရုံတရုံ တည်ထောင်လုပ်ကိုင်နေတာပါ။ အခု နောက်ထပ် စက်ရုံတရုံ တည်ဆောက်ဖို့ နေရာရှာနေတာဖြစ်ပါတယ်။ အဲဒီ စီမံကိန်းနဲ့ ပတ်သက်လို့ ဘယ်လောက် ရင်းနှီးမြှုပ်နှံမယ်၊ တည်ဆောက်ေရးကာလ ဘယ်လောက်ကြာမယ် စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရပါဘူး။

ဟန်ဆေးကုမ္ပဏီကို ၁၉၈၂ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး၊ အခုအခါ ဗီယက်နမ်၊ နီကာရာဂွာ၊ ဂွာတီမာလာ၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ ဟေတီ နိုင်ငံတွေမှာ ကော်ပိုရေးရှင်း ၁၇ ခု ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org