မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာကို အမေရိကန်-တောင်ကိုရီးယား ပူးတွဲတိုက်တွန်း

2022.05.22
မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာကို အမေရိကန်-တောင်ကိုရီးယား ပူးတွဲတိုက်တွန်း ၂ဝ၂၂ ခုနှစ် မေလ ၂၁ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)နှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ရိုး (Yoon Suk-yeol) တို့ကို တွေ့ရစဉ်။
Photo: Reuters

မြန်မာပြည်သူတွေကို ဝိုင်းဝန်းကူညီဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ရိုး (Yoon Suk-yeol) တို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။ အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအပြီး မေလ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာ ထည့်သွင်းတောင်းဆိုလိုက်တာပါ။

မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့၊ နိုင်ငံတစ်ဝန်းက အခက်အခဲဖြစ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ပေးခွင့်ပြုဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်ဖော်ဆောင်ဖို့ စတာတွေကိုလည်း နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ တောင်းဆိုတိုက်တွန်းထားပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေလ ၂၀ ကနေ ၂၂ ရက်ထိ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်ခဲ့ပြီး နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့တာပါ။ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအရေးကိစ္စ ပြောဆိုကြခဲ့ကြပြီး အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစီးပွားရေးကိစ္စ၊ နည်းပညာကိစ္စနဲ့ နိုင်ငံတကာအရေးတွေ အပါအဝင် မြန်မာပြည်အရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။