သိမ်းပိုက်နာဂဒေသမှာ တပ်တွင်းပစ်ခတ်မှုဖြစ်ပြီး အရာရှိတစ်ဦးသေဆုံး

NSCN-K နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဌာနချုပ်ကို အစိုးရတပ်မတော်က သိမ်းပိုက်တပ်စွဲထားရာမှာ မေလ ၂၉ ရက်နေ့က တပ်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ တပ်မတော်အရာရှိတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြေပုံ maps.google.com

NSCN-K နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဌာနချုပ်ကို အစိုးရတပ်မတော်က သိမ်းပိုက်တပ်စွဲထားရာမှာ မေလ ၂၉ ရက်နေ့က တပ်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ တပ်မတော်အရာရှိတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။

စစ်သည်တစ်ဦး နေမကောင်းဖြစ်နေလို့ အပြင်ကနေ ဆေးထွက်ဝယ်ပြီး ပြန်ရောက်လာစဉ်မှာ သေနတ်နဲ့ပစ်လိုက်တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

သေနတ်နဲ့ပစ်လိုက်တဲ့စစ်သည်ဟာ စိတ်ကစဉ့်ကလျား ရောဂါခံစားနေရသူဖြစ်ပြီး နောက်ထပ်လည်း ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိသေးတယ်လို့ ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်က စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org