မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့ မြစ်ကြီးနားမှာ ဆွေးနွေး
မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းရေးဆွေးနွေးပွဲကို ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့ပါတယ်။
-
2019-06-21 -
-
-
မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းရေးဆွေးနွေးပွဲကို ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ ဘာသာရေးခေါင်းဆောင်တွေ၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေ၊ မြစ်ဆုံကြောင့် ရွေ့ပြောင်းခံထားရတဲ့ ဒေသခံတွေ တတ်ရောက် ကြပါတယ်။
သဘာဝပတ်ဝန်းကျင်ပညာရှင်က လက်ရှိရာသီဥတုဖောက်ပြန်မှုတွေ၊ မြစ်ဆုံစီမံကိန်း ဆောက်လုပ်မယ်ဆိုရင် ဖြစ်လာမယ့်ဆိုးကျိုးတွေအကြောင်း ဆွေးနွေးခဲ့ကြသလို ဒေသခံတွေကလည်း မြစ်ဆုံနဲ့ ပတ်သက်ပြီး သူတို့ စိုးရိမ်ချက်တွေကို ဆွေးနွေးနေကြပါတယ်။
မနေ့တုန်းကလည်း ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လူထုရဲ့ အသံကိုနားထောင်ဖို့ လိုအပ်ကြောင်း၊ ဒီစီမံကိန်းကရလာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်တွေကို အထူးအလေး အနက်ထားစဉ်းစားရမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး ခရစ္စရှန်-ရှမစ်က တိုက်တွန်းပြောကြားထားပါတယ်။
မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အပါအဝင် ရန်ကုန်မြို့တွေမှာလည်း မကြာခဏဆိုသလို့ ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကလည်း မြစ်ဆုံစာချုပ် တစ်လအတွင်း ချပြပေးဖို့ နိုင်ငံတော်သမ္မထံ တောင်းဆိုထားတာလည်းရှိပါတယ်။