ဒုတိယမြောက် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား တည်ဆောက်မည်
ထိုင်း မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။
-
2012-08-23 -
-
-
ထိုင်း မြန်မာနှစ်နိုင်ငံကြားက မဲဆောက်-မြဝတီ တံတား ကို တွေ့ရစဉ်
လက်ရှိ ချစ်ကြည်ရေးတံတားမှာ အသေးစားနဲ့ အလတ်စား မော်တော်ယာဉ်တွေသာ သွားလာနိုင်ပြီး မကြာခင် တည်ဆောက်မယ့် ချစ်ကြည်ရေး တံတားသစ်မှာ တန် ၆၀ အထိ အကြီးစား မော်တော်ယာဉ်တွေ ဖြတ်သန်းနိုင်မယ်လို့ မြန်မာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောဆိုပါတယ်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လွင်ကလည်း ဆောက်လုပ်မယ့် နေရာကို သတ်မှတ်ပြီးပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ဇွန်လက နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ အဆိုပြုခဲ့တဲ့နေရာ သုံးနေရာထဲက လက်ရှိ တံတားရဲ့ မြောက်ဘက် သုံးမိုင် အကွာနေရာကို ရွေးချယ်ထားကြောင်း ပြောဆိုပါတယ်။