မြဝတီမြို့က လောင်းကစားရုံတွေ ကို အရေးယူမည်

ကရင်ပြည်နယ် မြဝတီမြို့မှာ ဖွင့်လှစ်ထား တဲ့ ကာစီနိုလောင်းကစားရုံတွေကို စစ်ဆေးတွေ့ရှိရင် ဥပဒေအတိုင်း အရေးယူ သွားမယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်း က ပြောပါတယ်။

ကာစီနို လောင်းကစားဝိုင်းတွေရှိတဲ့ မြဝတီမြို့ သောင်ရင်းမြစ်ကမ်းဘေးက အဆောက်အအုံတစ်ခုကို တွေ့ရစဉ် Photo: Myawaddy Complex / Facebook

ကရင်ပြည်နယ် မြဝတီမြို့မှာ ဖွင့်လှစ်ထားတဲ့ ကာစီနိုလောင်းကစားရုံတွေကို စစ်ဆေးတွေ့ရှိရင် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

အောက်ခြေကို သွားရောက်စစ်ဆေးရာမှာ တွေ့ရှိတဲ့အခြေအနေအတိုင်း အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ ရဲမှူးကြီး ကြည်လင်းက ပြောတာဖြစ်ပါတယ်။

"အောက်ခြေမှာ တကယ်တမ်းသွားစစ်တဲ့အခါ တွေ့တဲ့အခြေအနေ တွေ့တဲ့အနေအထားမျိုးနဲ့တော့ ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူရမှာပေါ့၊ ကျနော်တို့လုပ်ရမယ့် လုပ်ငန်းဖြစ်တဲ့အတွက် ဒါတွေကို ညင်ညင်သာသာ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ စပြီးလုပ်ကိုင်နေပါပြီ"

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားထိစပ်နေတဲ့ မြဝတီမြို့သောင်ရင်းမြစ်ကမ်းဘေးမှာ ကာစီနိုလောင်းကစား ရုံတွေ အများဆုံးရှိနေတာဖြစ်ပြီး အဲ့ဒီလောင်းကစားရုံတွေဟာ နှစ်ဖက်နိုင်ငံက စီးပွားရေး အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာစီနိုလောင်းကစားရုံတွေမှာ ထိုင်းဘတ်ငွေသာ အသုံးပြုတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကနေ တရားမဝင်ကူးလာပြီး ကစားတဲ့သူများပါတယ်။

အဲဒီကာစီနိုလောင်းကစားရုံတွေဟာ မြဝတီမြို့ထဲမှာ တရားဝင်ပုံစံနဲ့ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူကြော်ငြာနေ တဲ့အတွက် အရေးယူပေးဖို့ နဲ့ လောင်းကစားရုံတွေကို ပိတ်သိမ်းဖို့ ပြည်နယ် အစိုးရထံ တင်ပြသွားမယ်လို့ မြဝတီ မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ပြောပါတယ်။

လက်ရှိမြဝတီမြို့ထဲမှာ ကာစီနိုလောင်းကစားရုံ ၁၀ ရုံ နီးပါးရှိနေတယ်လို့လည်း ဦးသန့်ဇင်အောင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org