မြန်မာ ရေနံအလုပ်သမားများ ခွဲခြားဆက်ဆံခံရမှု ကန့်ကွက်

မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ဒေသ မှာ ရေနံလုပ်ကွက်ရထားတဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှာ မြန်မာအလုပ် သမားတွေ ခွဲခြားဆက်ဆံခံနေရတာကို ဖြေရှင်းပေး ဖို့ ဇောတိကကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်သားများ အဖွဲ့အစည်းက ကုမ္ပဏီတာဝန်ရှိသူတွေထံ ဒီနေ့ တောင်းဆို လိုက်ပါတယ်။

မြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ (RFA Map) (RFA Map)

မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ဒေသမှာ ရေနံလုပ်ကွက် ရထားတဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှာ မြန်မာ အလုပ်သမားတွေ ခွဲခြားဆက်ဆံခံနေရတာကို ဖြေ ရှင်းပေး ဖို့ ဇောတိကကမ်းလွန်ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်သားများအဖွဲ့အစည်းက ကုမ္ပဏီတာဝန် ရှိသူတွေထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ထိုင်းအလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ အကြား လုပ်ခလစာ၊ အားလပ်ရက်နဲ့ အချိန်ပိုကြေးတွေ တန်းတူခံစားခွင့် မရတာကြောင့် ၃ ရက်အတွင်း ဖြေ ရှင်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဇောတိက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်သားများအဖွဲ့က အလုပ်သမားတစ်ဦးက ပြောပါ တယ်။

"ကျနော်တို့လစာက သူတို့နဲ့ယှဉ်လိုက်လို့ရှိရင် နိမ့်ပါတယ်၊ လစာက ၈ ဆကနေ ၁၅ ဆအထိကွာပါတယ်၊ ဒီလိုပဲခွဲခြားဆက်ဆံပါတယ်"

အဲဒီလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၃၀ ကျော် နဲ့ ထိုင်းအလုပ်သမား ၄၀ နီးပါးရှိပါတယ်။

မြန်မာအလုပ်သမားတွေက ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့၊ လုပ်ခ လစာ၊ ခံစားခွင့်နဲ့ အားလပ်ရက်တွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ ခံစားခွင့်ပေးဖို့၊ စတာတွေကို တောင်းဆိုထား တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org